တစ္ခုတည္းေသာ တပ္မေတာ္ကိစၥ တုိင္းရင္းသား လက္နက္ကုိင္ေတြ အျပည့္အ၀ေထာက္ခံ

0
1077

ေအာက္တိုဘာ ၁၅ ရက္ေန႔ကေန ၁၆ ရက္ေန႔အထိ ႏွစ္ရက္တာ က်င္းပတဲ့ ႏိုင္ငံေတာ္အစိုးရနဲ႔ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြက ေခါင္းေဆာင္ေတြ သီးသန္႔ အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲမွာ KNU ဒုတိယဥကၠ႒ ပဒိုေစာကြယ္ထူးဝင္းက အခုလုိ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲဒီေဆြးေႏြးပြဲမွာ လမး္ျပေျမပုံပါမွာပါတဲ့ လုံၿခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရး ကိစၥကို ေဆြးေႏြးညိႇႏႈိင္းၿပီး ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္သြားမယ့္ အပိုင္းေတြ ေဆြးေႏြးခဲ့ၿပီးဒုတိယအခ်က္အေနနဲ႔ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ ျပည္ေထာင္စုမွာ တပ္မေတာ္တစ္ခုတည္းရွိတာကို လက္ခံေၾကာင္းနဲ႔ တစ္ခုတည္းေသာ တပ္မေတာ္နဲ႔ လူမ်ဳိးေပါင္းစုံပါဝင္တဲ့ တပ္မေတာ္ကို ဘယ္လိုဖြဲ႕စည္းမလဲဆိုတာကို ေဆြးေႏြးသေဘာ တူညီမႈရခဲ့ပါတယ္လုိ႔ KNU ဒုတိယဥကၠ႒ ပဒိုေစာကြယ္ထူးဝင္းက ေျပာပါတယ္။

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံ တတိယအစည္းအေ၀းရဲ႕ထုတ္ျပန္ေၾကညာခ်က္ပါ ၂၀၂၀ ျပည့္ႏွစ္ မတုိင္မီ က်င္းပနုိင္ဖို႔ ေမ်ွာ္မွန္းထားတဲ့ ညီလာခံသုံးႀကိမ္မွာ အေရးႀကီးတဲ့ ဒီမုိကေရစီနဲ႔ ဖယ္ဒရယ္ဆုိင္ရာ အေျခခံမူေတြ ခ်မွတ္နုိင္ေရးအတြက္ သေဘာတူညီမႈ ရရွိဖို႔ လိုအပ္ေနတဲ့ကိစၥရပ္ကုိ ေျဖရွင္းေက်ာ္လႊား နုိင္ေရးနဲ႔ လက္ရွိနုိင္ငံေရး ေဆြးေႏြးမႈပုံစံကုိ ပုိမုိရွင္းလင္းလြယ္ကူဖို႔ ေဆာင္ရြက္သြား ဖုိ႔သေဘာတူညီမႈရရွိခဲ့ တာလည္းျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်ခုတည်းသော တပ်မတော်ကိစ္စ တိုင်းရင်းသား လက်နက်ကိုင်တွေ အပြည့်အဝထောက်ခံ

အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပတဲ့ နိုင်ငံတော်အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ သီးသန့် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လမး်ပြမြေပုံပါမှာပါတဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စကို ဆွေးနွေးညှိနှိုင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်သွားမယ့် အပိုင်းတွေ ဆွေးနွေးခဲ့ပြီးဒုတိယအချက်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုမှာ တပ်မတော်တစ်ခုတည်းရှိတာကို လက်ခံကြောင်းနဲ့ တစ်ခုတည်းသော တပ်မတော်နဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ တပ်မတော်ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတာကို ဆွေးနွေးသဘော တူညီမှုရခဲ့ပါတယ်လို့ KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးရဲ့ထုတ်ပြန်ကြေညာချက်ပါ ၂၀၂၀ ပြည့်နှစ် မတိုင်မီ ကျင်းပနိုင်ဖို့ မျှော်မှန်းထားတဲ့ ညီလာခံသုံးကြိမ်မှာ အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ချမှတ်နိုင်ရေးအတွက် သဘောတူညီမှု ရရှိဖို့ လိုအပ်နေတဲ့ကိစ္စရပ်ကို ဖြေရှင်းကျော်လွှား နိုင်ရေးနဲ့ လက်ရှိနိုင်ငံရေး ဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူဖို့ ဆောင်ရွက်သွား ဖို့သဘောတူညီမှုရရှိခဲ့ တာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)