
0
198





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စက်တင်ဘာလ အတွင်း ပြည်တွင်းပြည်ပ အလုပ်အကိုင်အတွက် လေးသောင်းခွဲနီးပါး ခန့်ထားနိုင်ခဲ့

စက်တင်ဘာလအတွင်း ပြည်ပကို တရားဝင်အလုပ်သမား ၂၂၀ဝ၀ ကျော် စေလွှတ်နိုင်ခဲ့သလို ပြည်တွင်း အလုပ်အကိုင်အတွက်လည်း ၂၁၀ဝ၀ ကျော်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနက ရှာဖွေပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်လုပ်ကိုင်နိုင်သူတွေ တစ်ဦးချင်း ဝင်ငွေတိုးပွားလာစေဖို့ ရည်ရွယ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေနိုင်ဖို့ ပြည်ပကို တရားဝင်လုပ်သား စေလွှတ်တာတွေနဲ့ ပြည်တွင်း အလုပ်အကိုင်ရှာဖွေခြင်းလုပ်ငန်းတွေကို အလုပ်သမားဝန်ကြီးဌာနက လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

၂၀၁၈ စက်တင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အလုပ်အကိုင်ရရှိမှု အနေနဲ့ အစိုးကအလုပ်အကိုင် ၅၃၅ ဦး၊ ပုဂ္ဂလိကအလုပ်အကိုင် ၂၀၅၄၈ ဦးကို အလုပ် အကိုင် ရှာဖွေပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအလိုက် အလုပ်အကိုင် ရရှိမှုမှာတော့ မလေးရှားနိုင်ငံကို ၃၃၄၀ ၊ စင်္ကာပူနိုင်ငံကို ၁၆ ဦး၊ ကိုရီးယားနိုင်ငံကို ၄၆၅ ဦးနဲ့ ထိုင်းနိုင်ငံကို ၁၈၅၄၃ ဦး၊ ဂျပန်နိုင်ငံကို ၃၆၉ ဦးနဲ့ ယူအေအီးကို ၉ ဦး၊ ကာတာနိုင်ငံကို ၄ ဦးနဲ့ ဂျော်ဒန်နိုင်ငံကို ၁၇ ဦးကို အလုပ်အကိုင်ရရှိစေဖို့ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)