ျမန္မာ-ဂ်ပန္ သံတမန္ နုိင္ငံကူးလက္မွတ္ ကုိင္ေဆာင္သူေတြကုိ ရက္ ၉၀ ဗီဇာကင္းလြတ္ခြင့္ ေပးမယ္

0
264

ျမန္မာနုိင္ငံအစုိးရနဲ႔ ဂ်ပန္နုိင္ငံအစုိးရတုိ႔က ႏွစ္ႏုိင္ငံ အစုိးရက ျပည္သူေတြအၾကား ခ်စ္ၾကည္ရင္းႏွီးတဲ့ ဆက္ဆံေရး ပုိမုိခုိင္မာေစဖုိ႔ရည္ရြယ္ၿပီး နွစ္ႏုိင္ငံသံတမန္ နုိင္ငံကူးလက္မွတ္ ကုိင္ေဆာင္သူေတြအေနနဲ႔ ရက္ေပါင္း ၉၀ ထက္ မေက်ာ္လြန္ေစဘဲ ေနထုိင္ခြင့္ ျပည္၀င္ဗီဇာ ကင္းလြတ္ခြင့္ျပဳေရးဆုိင္ရာ သံတမန္ စာခြ်န္လႊာကုိ လဲလွယ္ၿပီး ျဖစ္ပါတယ္။

အဲဒါေၾကာင့္ အျပန္အလွန္ ဗီဇာကင္းလြတ္ခြင့္ သေဘာတူညီခ်က္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ တစ္ရက္ေန႔မွာ စတင္ကင္းလြတ္ခြင့္ရရွိေတာ့မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဂ်ပန္၊ ေတာင္ကိုရီးယား၊ တ႐ုတ္၊ ေဟာင္ေကာင္နဲ႔ မကာအိုတို႔က သာမန္ႏိုင္ငံကူးလက္မွတ္ ကိုင္ ေဆာင္သူ ကမာၻလွည့္ခရီးသည္ေတြအတြက္လည္း ျပည္ဝင္ခြင့္ ဗီဇာေျဖေလွ်ာ့မႈ စမ္းသပ္ကာလ တစ္ႏွစ္ကို ေအာက္တိုဘာ ၁ ရက္ေန႔က စတင္ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ-ဂျပန် သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို ရက် ၉၀ ဗီဇာကင်းလွတ်ခွင့် ပေးမယ်

မြန်မာနိုင်ငံအစိုးရနဲ့ ဂျပန်နိုင်ငံအစိုးရတို့က နှစ်နိုင်ငံ အစိုးရက ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ရည်ရွယ်ပြီး နှစ်နိုင်ငံသံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေအနေနဲ့ ရက်ပေါင်း ၉၀ ထက် မကျော်လွန်စေဘဲ နေထိုင်ခွင့် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုရေးဆိုင်ရာ သံတမန် စာချွန်လွှာကို လဲလှယ်ပြီး ဖြစ်ပါတယ်။

အဲဒါကြောင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ တစ်ရက်နေ့မှာ စတင်ကင်းလွတ်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုတို့က သာမန်နိုင်ငံကူးလက်မှတ် ကိုင် ဆောင်သူ ကမ္ဘာလှည့်ခရီးသည်တွေအတွက်လည်း ပြည်ဝင်ခွင့် ဗီဇာဖြေလျှော့မှု စမ်းသပ်ကာလ တစ်နှစ်ကို အောက်တိုဘာ ၁ ရက်နေ့က စတင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)