ဒစ္ဂ်စ္တယ္ ဂ်ာနယ္လစ္ဇင္ Fellowship အတြက္ အာဆီယံ ဂ်ာနယ္လစ္ ကိုးဦး ေရြးခ်ယ္

0
1262

ေတာင္ကိုရီးယားမွာ တက္ေရာက္ရမယ့္ ၂၀၁၈ ကြမ္ဟြန္-KPF စာနယ္ဇင္း Fellowship အတြက္ လာအို၊ ျမန္မာ၊ ဖိလစ္ပိုင္၊ ကေမာၻဒီးယား၊ ဗီယက္နမ္နဲ႔ မေလးရွားက ဂ်ာနယ္လစ္ ကိုးဦးကို ေရြးခ်ယ္လိုက္ပါတယ္။

ကိုရီးယား စာနယ္ဇင္း ေဖာင္ေဒးရွင္း (KPF) နဲ႔ ကြမ္ဟြန္ ဂ်ာနယ္လစ္ ကလပ္တို႔ ပူးေပါင္းၿပီး ၂၀၁၂ ခုႏွစ္က စကာ Fellowship အစီအစဥ္ကို စတင္ခဲ့တာ ျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ ဒစ္ဂ်စ္တယ္ ဂ်ာနယ္လစ္ဇင္နဲ႔ ပတ္သက္လို႔ ေဆြးေႏြးတာ၊ နားလည္မႈ ပိုမိုရရွိေအာင္ လုပ္ေဆာင္တာကို အဓိကထားမွာ ျဖစ္ပါတယ္။

သီတင္းပတ္ ေလးပတ္ၾကာမယ့္ ဒီအစီအစဥ္မွာ ကိုရီးယား ယဥ္ေက်းမႈ၊ စီးပြားေရးနဲ႔ လူ႔အဖြဲ႔အစည္းကိုလည္း ေလ့လာႏိုင္မွာ ျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ ပါဝင္သူေတြအေနနဲ႔ ဒစ္ဂ်စ္တယ္ေခတ္ စိန္ေခၚမႈေတြကို ေျဖရွင္ေရး အကူအညီ မ်ားစြာရေစဖို႔နဲ႔ ေတာင္ကိုရီးယားနဲ႔ အာဆီယံႏိုင္ငံေတြၾကား ဆက္ဆံေရး ပိုမို ခိုင္မာလာေစဖို႔ ေမွ်ာ္လင့္ေၾကာင္း KPF ဥကၠ႒ ေျဗာင္ ဝူမင္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒစ်ဂျစ်တယ် ဂျာနယ်လစ်ဇင် Fellowship အတွက် အာဆီယံ ဂျာနယ်လစ် ကိုးဦး ရွေးချယ်

တောင်ကိုရီးယားမှာ တက်ရောက်ရမယ့် ၂၀၁၈ ကွမ်ဟွန်-KPF စာနယ်ဇင်း Fellowship အတွက် လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မလေးရှားက ဂျာနယ်လစ် ကိုးဦးကို ရွေးချယ်လိုက်ပါတယ်။

ကိုရီးယား စာနယ်ဇင်း ဖောင်ဒေးရှင်း (KPF) နဲ့ ကွမ်ဟွန် ဂျာနယ်လစ် ကလပ်တို့ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ်က စကာ Fellowship အစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒစ်ဂျစ်တယ် ဂျာနယ်လစ်ဇင်နဲ့ ပတ်သက်လို့ ဆွေးနွေးတာ၊ နားလည်မှု ပိုမိုရရှိအောင် လုပ်ဆောင်တာကို အဓိကထားမှာ ဖြစ်ပါတယ်။

သီတင်းပတ် လေးပတ်ကြာမယ့် ဒီအစီအစဉ်မှာ ကိုရီးယား ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်သူတွေအနေနဲ့ ဒစ်ဂျစ်တယ်ခေတ် စိန်ခေါ်မှုတွေကို ဖြေရှင်ရေး အကူအညီ များစွာရစေဖို့နဲ့ တောင်ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေကြား ဆက်ဆံရေး ပိုမို ခိုင်မာလာစေဖို့ မျှော်လင့်ကြောင်း KPF ဥက္ကဋ္ဌ ဗြောင် ဝူမင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)