
0
968




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနဲ့ လာအိုတို့ ဘိန်းအစား ကော်ဖီစိုက်ပျိုးပြီး ရပ်တည်နိုင်ဖို့ ကြိုးပမ်း

အရင်က ဘိန်းစိုက်တောင်သူတွေဖြစ်ခဲ့ပေမယ့် အခု မြန်မာတောင်သူ ၁ ထောင်နဲ့ လာအိုတောင်သူ ၃၀ဝ တို့ဟာ ကုလသမဂ္ဂ အကူအညီနဲ့ ဘိန်းအစား ကော်ဖီစိုက်ပျိုးပြီး ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

မြန်မာနိုင်ငံကတော့ ဒီနှစ်မှာ ကော်ဖီစေ့ စတင်ရောင်းချနိုင်ပြီဖြစ်ပြီး လာအိုနိုင်ငံကတော့ ၂၀၁၉ ခုနှစ်မှာ ကော်ဖီစေ့ကို စီးပွားဖြစ် စတင်ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။ မြန်မာနဲ့ လာအိုတို့ကို ကုလသမဂ္ဂက နည်းစနစ် အကူအညီတွေ ပေးနေပြီး အစားထိုး စိုက်ပျိုးမှုကြောင့် ရပ်တည်သွားနိုင်ပြီဆိုရင် ဘိန်းစိုက်ဧရိယာတွေက တောင်သူတွေအတွက် စံနမူနာ ဖြစ်လာမယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ညှိနှိုင်းရေးမှူး အာလင် ဖလက်ရှ်က ပြောပါတယ်။

ရွှေတြိဂံနိုင်ငံတွေထဲက နှစ်နိုင်ငံဖြစ်တဲ့ မြန်မာနဲ့ လာအိုဟာ ၁၉၈၀ ဝန်းကျင်မှာ စိုက်ပျိုးမှု စတင်ပြောင်းလဲခဲ့တဲ့ ထိုင်းနိုင်ငံအတိုင်း ရေရှည်ဆောင်ရွက်မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဘိန်းစိုက် တောင်သူတွေက အလွန်ဆင်းရဲကြောင်း၊ တခြားသီးနှံတွေအတွက် ဈေးကွက်နဲ့ အလှမ်းဝေးကြလို့ဆိုတာ သတိပြုဖို့ အရေးကြီးကြောင်း ဖလက်ရှ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)