ဘဂၤါလီ ၂၃ ဦးကို အိႏၵိယက ျပည္ႏွင္ဒဏ္ ေပးမယ္

0
689

အိႏၵိယႏိုင္ငံ၊ အာသံျပည္နယ္ထဲကို ၂၀၁၂ ခုႏွစ္မွာ တရားမဝင္ ဝင္ေရာက္ခဲ့လို႔ အဖမ္းခံထားရတဲ့ ဘဂၤါလီ ၃၂ ဦးအနက္ ၂၃ ဦးကို အရင္ဆံုး ျပည္ႏွင္ထံေပးကာ ျမန္မာအာဏာပိုင္ေတြဆီ လႊဲေျပာင္းေပးမွာ ျဖစ္ပါတယ္။

အိႏၵိယအစိုးရက တရားမဝင္ ဝင္ေရာက္လာလို႔ ျပည္ႏွင္ဒဏ္ေပးရာမွာ ဒီႏွစ္အေစာပိုင္းက ဟိႏၵဴ ႏွစ္ဦး၊ ဒီလအေစာပိုင္းမွာ ဘဂၤါလီ မြတ္စလင္ ခုနစ္ဦး ရွိခဲ့ၿပီ ျဖစ္ပါတယ္။ သူတို႔အားလံုးကို ႏိုင္ငံကူးလက္မွတ္ဆိုင္ရာ အက္ဥပေဒနဲ႔ ေထာင္ဒဏ္ခ်မွတ္ၿပီးေနာက္ ျပည္ႏွင္ဒဏ္ ေပးေနတာ ျဖစ္ပါတယ္။

အခုလ အေစာပိုင္းက ဘဂၤါလီ မြတ္စလင္ ခုနစ္ဦးကို ျပည္ႏွင္ဒဏ္ေပးမႈမွာ ဗဟိုတရား႐ံုးကလည္း တားျမစ္ဖို႔ ျငင္းဆိုခဲ့ပါတယ္။ ျပည္ႏွင္ဒဏ္ ေပးလိုက္တဲ့ ဘဂၤါလီေတြကို ျမန္မာအစိုးရက ေနရပ္ကို ျပန္ပို႔ေပးၿပီး ႏိုင္ငံသားစိစစ္ခံရမည့္သူ၏ သက္ေသခံကတ္ျပား (NVC) ကတ္ေတြ ထုတ္ေပးခဲ့ပါတယ္။ အခုအသုတ္ ျပန္ပို႔မယ့္ ဘဂၤါလီ ၂၃ ဦးရဲ႕ အခ်က္အလက္ အေသးစိတ္ကို ျပည္ပေရးရာ ဝန္ႀကီးဌာနကတစ္ဆင့္ ျမန္မာအစိုးရထံ ေပးပုိ႔ထားၿပီး စိစစ္မႈကို ေစာင့္ဆိုင္းေနတယ္လို႔ အိႏၵိယ ျပည္ထဲေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ ၂၃ ဦးကို အိန္ဒိယက ပြည်နှင်ဒဏ် ပေးမယ်

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ထဲကို ၂၀၁၂ ခုနှစ်မှာ တရားမဝင် ဝင်ရောက်ခဲ့လို့ အဖမ်းခံထားရတဲ့ ဘင်္ဂါလီ ၃၂ ဦးအနက် ၂၃ ဦးကို အရင်ဆုံး ပြည်နှင်ထံပေးကာ မြန်မာအာဏာပိုင်တွေဆီလွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက တရားမဝင် ဝင်ရောက်လာလို့ ပြည်နှင်ဒဏ်ပေးရာမှာ ဒီနှစ်အစောပိုင်းက ဟိန္ဒူ နှစ်ဦး၊ ဒီလအစောပိုင်းမှာ ဘင်္ဂါလီ မွတ်စလင် ခုနစ်ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။ သူတို့အားလုံးကို နိုင်ငံကူးလက်မှတ်ဆိုင်ရာ အက်ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ပြီးနောက် ပြည်နှင်ဒဏ် ပေးနေတာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းက ဘင်္ဂါလီ မွတ်စလင် ခုနစ်ဦးကို ပြည်နှင်ဒဏ်ပေးမှုမှာ ဗဟိုတရားရုံးကလည်း တားမြစ်ဖို့ ငြင်းဆိုခဲ့ပါတယ်။ ပြည်နှင်ဒဏ် ပေးလိုက်တဲ့ ဘင်္ဂါလီတွေကို မြန်မာအစိုးရက နေရပ်ကို ပြန်ပို့ပေးပြီး နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ကတ်တွေ ထုတ်ပေးခဲ့ပါတယ်။ အခုအသုတ် ပြန်ပို့မယ့် ဘင်္ဂါလီ ၂၃ ဦးရဲ့ အချက်အလက် အသေးစိတ်ကို ပြည်ပရေးရာ ဝန်ကြီးဌာနကတစ်ဆင့် မြန်မာအစိုးရထံ ပေးပို့ထားပြီး စိစစ်မှုကို စောင့်ဆိုင်းနေတယ်လို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)