
0
522



…………………. ။ ။ …………………

ကမ္ဘာ့ သစ်တော ထိန်းသိမ်းရေး ဦးစားပေးဒေသ ၂၅ ခုမှာ မြန်မာပါဝင်

ကမ္ဘာပေါ်ရှိ သစ်တော ထိန်းသိမ်း စောင့်ရှောက်ရေး ဦးစားပေး ဒေသ ၂၅ ခုမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး နိုင်ငံ ဧရိယာရဲ့ ၅ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ ကာကွယ်တော ၃၉ ခုကို တည်ဆောက် ထားတယ်လို့ သစ်တောရေးရာ ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က အောက်တိုဘာ၁၇ရက်နေ့မှာ ပြောပါတယ်။

နေပြည်တော်ရှိ ဟိုတယ် အမရာမှာ ကျင်းပတဲ့ အပင်အမျိုးအစား ခွဲခြားခြင်းနှင့် သစ်တော စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲ အခမ်းအနားမှာ သူက အခုလို ပြောကြားခဲ့တာပါ။

မြန်မာနိင်ငံမှာရှိတဲ့ ကာကွယ်တော ၃၉ ခုအနက် ၇ ခုဟာ အာဆီယံနိုင်ငံတွေရဲ့ အမွေအနှစ် သစ်တောကြီးများ စာရင်းမှာ ပါဝင်နေပြီး ဒီသင်တန်းဟာ မြန်မာနိုင်ငံရဲ့ သုတေသန လုပ်ငန်းနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းဆောင်ရည်တွေ ပိုပြီးတိုးမြင့်လာဖို ့ရည်ရွယ်ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို ့သူက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)