ရခိုင္အေရး ႏိုင္ငံတကာအျမင္နဲ႔ အစိုးရလုပ္ေနတာ ကြာဟတယ္ လို႔ ကုလကိုယ္စားလွယ္ ေျပာ

0
470

ရခိုင္အေရးအေပၚႏုိင္ငံတကာအျမင္နဲ႔ ျမန္မာႏုိင္ငံရဲ႕ လက္ေတြ႕လုပ္ေဆာင္ေနမႈမ်ားဟာ ေျဖာင့္ေျဖာင့္ၾကီး ကြာဟေနတယ္လို႔ ကုလသမဂၢဌာေန ကုိယ္စားလွယ္နဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ ၫႇိႏႈိင္းေရးမွဴး Ms. Renata Dessallianက ေျပာပါတယ္။

ျမန္မာႏိုင္ငံကိုေရာက္ေနတဲ့ ကုလအထူးကိုယ္စားလွယ္နဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တို႔ ေအာက္တိုဘာ ၁၆ရက္က ေနျပည္ေတာ္မွာ ေတြ႔ဆံုတုန္း ေျပာခဲ့တာျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ရခုိင္ျပည္နယ္အေရးနဲ႔ပတ္သက္လို႔ ႏွစ္ေပါင္းမ်ားစြာ ခံစားခ်က္ရွိခဲ့တဲ့ သမုိင္းေၾကာင္းကုိ ျပန္မၾကည့္ဘဲ လတ္တေလာျဖစ္ပြားမႈအေျခအေနေပၚမူတည္ျပီး ကုလသမဂၢကမွတ္ခ်က္ ျပဳရာမွာ လက္ရွိအေျခအေနနဲ႔ ေျပာင္းျပန္ျဖစ္ေနတာေၾကာင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ားက မေက်နပ္ၾကဘူးလို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ UN အေနနဲ႔ ကူညီေထာက္ပံ့မႈမ်ား ေဆာင္ရြက္ရာမွာ မွ်တမႈရွိရန္လုိအပ္ၿပီး ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ရခုိင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးမႈတုိး တက္ေရး အေကာင္အထည္ေဖာ္ေရးဗဟုိေကာ္မတီ၊ သက္ဆုိင္ရာအဖြဲ႕အစည္းမ်ားနဲ႔ ဆက္သြယ္ေဆာင္ရြက္ ႏုိင္ပါေၾကာင္း ေဆြးေႏြး ေျပာၾကားခဲ့ပါတယ္။
……………….. ။ ။ …………………..

ရခိုင်အရေး နိုင်ငံတကာအမြင်နဲ့ အစိုးရလုပ်နေတာ ဖြောင့်ဖြောင့်ကြီး ကွာဟလို့ ကုလကိုယ်စားလှယ် ပြော

ရခိုင်အရေးအပေါ်နိုင်ငံတကာအမြင်နဲ့ မြန်မာနိုင်ငံရဲ့ လက်တွေ့လုပ်ဆောင်နေမှုများဟာ ဖြောင့်ဖြောင့်ကြီး ကွာဟနေတယ်လို့ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Dessallianက ပြောပါတယ်။

မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလအထူးကိုယ်စားလှယ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အောက်တိုဘာ ၁၆ရက်က နေပြည်တော်မှာ တွေ့ဆုံတုန်း ပြောခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ နှစ်ပေါင်းများစွာ ခံစားချက်ရှိခဲ့တဲ့ သမိုင်းကြောင်းကို ပြန်မကြည့်ဘဲ လတ်တလောဖြစ်ပွားမှုအခြေအနေပေါ်မူတည်ပြီး ကုလသမဂ္ဂကမှတ်ချက် ပြုရာမှာ လက်ရှိအခြေအနေနဲ့ ပြောင်းပြန်ဖြစ်နေတာကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများက မကျေနပ်ကြဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် UN အနေနဲ့ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာမှာ မျှတမှုရှိရန်လိုအပ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုး တက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)