စံခ်ိန္မမီ ေဆး ၉၉ မ်ိဳး အေရးယူထားလို႔ က်န္းမာေရး၀န္ႀကီး ေျပာ

0
437

ျပည္တြင္းကိုတင္သြင္းလာတဲ့ စံခ်ိန္မမီေဆး၀ါး ၉၉ မ်ိဳးကိုအေရးယူထားျပီး ျပည္ပေဆးကုမၸဏီ ၈ ခုကိုလည္း ပယ္ဖ်က္ခဲ့တယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

ေအာက္တိုဘာ ၁၇ ရက္ ျပည္သူ႔လႊတ္ေတာ္မွာ ေျပာခဲ့တာျဖစ္ျပီး ၂၀၁၆ခုႏွစ္အတြင္းမွာ အေရးယူခဲ့တာျဖစ္တယ္၊ အိႏိၵယ ေဆးကုမၸဏီ ၄ ခု၊ တရုတ္ေဆးကုမၸဏီ ၃ ခုနဲ႔ ကိုရီးယားေဆး ကုမၸဏီ ၁ ခုတို႔ကို ေဆးတင္သြင္းခြင့္ ပယ္ဖ်က္ခဲ့တာ ျဖစ္တယ္လို႔လည္း ၀န္ၾကီးက ေျပာပါတယ္။

မင္းလွ မဲဆႏၵနယ္က ေဒါက္တာဦးသန္းေအာင္စိုးက တရားဝင္ တင္သြင္းတဲ့ ေဆးဝါးမ်ားရဲ႕ စံခ်ိန္စံၫႊန္းနဲ႔ အာနိသင္ေလ်ာ့နည္းျခင္းမ်ား ေတြ႕ရွိပါက မည္သို႔ အေရးယူျခင္း၊ ျပည္ပ ကုမၸဏီမ်ားကို တရားစြဲဆိုျခင္းမ်ား ရွိ၊ မရွိကို သိလိုျခင္းနဲ႔ စပ္လ်ဥ္းတဲ့ ေမးခြန္းကို ေျဖရင္း ၀န္ၾကီးက ေျပာခဲ့တာ ျဖစ္ပါတယ္။

မည္သို႔မည္ပံုအေရးယူထားသလဲ ဆိုတာကို ၀န္ၾကီးက ေျပာၾကားသြားျခင္းမရွိသလို အဲဒီေဆး ၉၉ မ်ိဳးရဲ႕ အမည္ေတြကို အမ်ားျပည္သူသိေအာင္ ေၾကညာေပးသြားမလားဆိုတာလည္း ေျပာမသြားပါဘူး။
……………….. ။ ။ ……………………

စံချိန်မမီ ဆေး ၉၉ မျိုး အရေးယူထားလို့ ကျန်းမာရေးဝန်ကြီး ပြော
ပြည်တွင်းကိုတင်သွင်းလာတဲ့ စံချိန်မမီဆေးဝါး ၉၉ မျိုးကိုအရေးယူထားပြီး ပြည်ပဆေးကုန်မဏီ ၈ခုကိုလည်း ပယ်ဖျက်ခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက် ပြည်သူ့လွှတ်တော်မှာ ပြောခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ်အတွင်းမှာ အရေးယူခဲ့တာဖြစ်တယ်၊ အိန္ဒိယ ဆေးကုမ္ပဏီ ၄ ခု၊ တရုတ်ဆေးကုမ္ပဏီ ၃ ခုနဲ့ ကိုရီးယားဆေး ကုမ္ပဏီ ၁ ခုတို့ကို ဆေးတင်သွင်းခွင့် ပယ်ဖျက်ခဲ့တာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မင်းလှ မဲဆန္ဒနယ်က ဒေါက်တာဦးသန်းအောင်စိုးက တရားဝင် တင်သွင်းတဲ့ ဆေးဝါးများရဲ့ စံချိန်စံညွှန်းနဲ့ အာနိသင်လျော့နည်းခြင်းများ တွေ့ရှိပါက မည်သို့ အရေးယူခြင်း၊ ပြည်ပ ကုမ္ပဏီများကို တရားစွဲဆိုခြင်းများ ရှိ၊ မရှိကို သိလိုခြင်းနဲ့ စပ်လျဉ်းတဲ့ မေးခွန်းကို ဖြေရင်း ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

မည်သို့မည်ပုံအရေးယူထားသလဲ ဆိုတာကို ဝန်ကြီးက ပြောကြားသွားခြင်းမရှိသလို အဲဒီဆေး ၉၉ မျိုးရဲ့ အမည်တွေကို အများပြည်သူသိအောင် ကြေညာပေးသွားမလားဆိုတာလည်း ပြောမသွားပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)