၂၀၁၉ ခုနှစ်ကစပြီး ပြည်နယ်တိုင်း ဘောလုံးပွဲတွေ ရန်ကုန်မှာ ပြန်ကျင်းပမယ်

0
449



…………………. ။ ။ ………………….

၀၁၉ ခုနှစ်ကစပြီး ပြည်နယ်တိုင်းဘောလုံးပွဲတွေ ရန်ကုန်မှာ ပြန်ကျင်းပမယ်

ပြည်နယ်တိုင်းဘောလုံးပြိုင်ပွဲများကို လာမယ့် ၂၀၁၉ ခုနှစ်ကစပြီး ရန်ကုန်မြို့မှာ ပြန်လည် ကျင်းပ ပြုလုပ်သွားဖို့ စီစဉ်လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက် ဒီနေ့ စတင်ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ သင်္ဃန်းကျွန်း မဲဆန္ဒနယ်က ဦးရွှေလှ(ခ) ဦးရွှေလှဝင်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘောလုံးပြိုင်ပွဲများကို ရန်ကုန်မြို့မှာ နှစ်စဉ်ပြန်လည် ကျင်းပရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို ဖြေရင်း ဝန်ကြီးက ပြောခဲ့တာပါ။

အောင်ဆန်းကွင်းအပါအဝင် ရန်ကုန်မြို့က ဘောလုံးကွင်းတွေ ယိုယွင်းပျက်စီးနေပြီး အဲဒီ ကွင်းတွေ ပြင်ဆင်ဖို့ အစိုးရထံ ၂၀၁၈-၁၈ ဘဏာနှစ်မှာ ဘတ်ဂျက်တင်တောင်းမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)