တိုင္ၾကားမႈ၊ ေက်ာ္ေစာမႈရွိရင္ ဥပေဒအရ အေရးယူမယ္လို႔ ဦးေအာင္ၾကည္ ေျပာ

0
218

တိုင္ၾကားမႈ ရွိလာတယ္၊ ေက်ာ္ေစာမႈ ျဖစ္လာတယ္ဆိုရင္ေတာ့ ဥပေဒနဲ႔အညီ ဆက္လက္အေရးယူေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ဥကၠ႒ ဦးေအာင္ၾကည္က ေျပာပါတယ္။

ဟာသသ႐ုပ္ေဆာင္ ေအာင္ရဲေထြးအမႈမွာ လာဘ္ေပးခဲ့သူ ဦးခင္ေမာင္ေလးကို တရားလိုျပသက္ေသအျဖစ္ ထည့္ထားတာနဲ႔ပတ္သက္ၿပီး ေကာ္မရွင္အေနနဲ႔ ဦးခင္ေမာင္ေလးကို အေရးယူဖို႔ အစီအစဥ္ မရွိေၾကာင္း၊ လာဘ္ေပးတာကို မေဖာ္သမွ် ကာလပတ္လုံး ဒီအမႈက ျဖစ္ေျမာက္မွာ မဟုတ္ေၾကာင္းနဲ႔ အမႈမွန္ေပၚေပါက္ေရးအတြက္ အမ်ားျပည္သူ အက်ဳိးစီးပြားအလို႔ငွာ သူ႔ကို အေရးႀကီးတဲ့ သက္ေသတစ္ရပ္အျဖစ္ တာဝန္ေပးခဲ့တာျဖစ္ေၾကာင္း ဦးေအာင္ၾကည္က ေျပာပါတယ္။

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ဥကၠ႒ အပါအဝင္ တာဝန္ထမ္းေဆာင္ ေနသူေတြရဲ႕ လုံၿခံဳေရးကို ၿခိမ္းေျခာက္မႈေတြ ရွိေနတာနဲ႔ ပတ္သက္ၿပီး စိတ္ပူစရာမရွိပါဘူး၊ အလုပ္လုပ္တဲ့အခါ လိုတဲ့သူရွိတယ္၊ မလိုတဲ့သူရွိတယ္၊ သတိထားၿပီး ေစာင့္ေရွာက္တဲ့သူေတြကလည္း ေစာင့္ေရွာက္ၾကပါတယ္လို႔ ေၾကးမံုသတင္းစာနဲ႔ အင္တာဗ်ဴးမွာ ဦးေအာ္ငၾကည္က ေျဖၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်ကြားမှု၊ ကျော်စောမှုရှိရင် ဥပဒေအရ အရေးယူမယ်လို့ ဦးအောင်ကြည် ပြော

တိုင်ကြားမှု ရှိလာတယ်၊ ကျော်စောမှု ဖြစ်လာတယ်ဆိုရင်တော့ ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုမှာ လာဘ်ပေးခဲ့သူ ဦးခင်မောင်လေးကို တရားလိုပြသက်သေအဖြစ် ထည့်ထားတာနဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့ ဦးခင်မောင်လေးကို အရေးယူဖို့ အစီအစဉ် မရှိကြောင်း၊ လာဘ်ပေးတာကို မဖော်သမျှ ကာလပတ်လုံး ဒီအမှုက ဖြစ်မြောက်မှာ မဟုတ်ကြောင်းနဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် အများပြည်သူ အကျိုးစီးပွားအလို့ငှာ သူ့ကို အရေးကြီးတဲ့ သက်သေတစ်ရပ်အဖြစ် တာဝန်ပေးခဲ့တာဖြစ်ကြောင်း ဦးအောင်ကြည်က ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် တာဝန်ထမ်းဆောင် နေသူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး စိတ်ပူစရာမရှိပါဘူး၊ အလုပ်လုပ်တဲ့အခါ လိုတဲ့သူရှိတယ်၊ မလိုတဲ့သူရှိတယ်၊ သတိထားပြီး စောင့်ရှောက်တဲ့သူတွေကလည်း စောင့်ရှောက်ကြပါတယ်လို့ ကြေးမုံသတင်းစာနဲ့ အင်တာဗျူးမှာ ဦးအော်ငကြည်က ဖြေကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)