စစ္မွန္တဲ့ လူ႔အခြင့္အေရး ေခါင္းေဆာင္အျဖစ္ ျပသဖို႔ ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီးသစ္ကို တိုက္တြန္း

0
235

ျမန္မာႏိုင္ငံကို လာေရာက္ဖို႔ရွိေနတဲ့ ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီးသစ္ ဂ်ယ္ရယ္မီဟန္႔အေနနဲ႔ ရခိုင္ျပည္နယ္အေရးမွာ စစ္မွန္တဲ့ လူ႔အခြင့္အေရး ေခါင္းေဆာင္အျဖစ္ ျပသႏိုင္ရမယ္လို႔ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႔ (AI) ဒါ႐ိုက္တာ ကိတ္အယ္လန္က တိုက္တြန္းထားပါတယ္။

ဂ်ယ္ရယ္မီဟန္႔ရဲ႕ အလည္အပတ္ဟာ ၿဗိတိန္ႏိုင္ငံအေနနဲ႔ ကမာၻ႔စင္ျမင့္မွာ လူ႔အခြင့္အေရးကို အေလးထား ေဆာင္ရြက္ေၾကာင္း ျပသဖို႔ အခြင့္အေရး ျဖစ္ေၾကာင္း၊ ဟန္႔ အေနနဲ႔ ဒီအေရးပါတဲ့ အခြင့္အေရးကို အေကာင္းဆံုးလုပ္ေဆာင္ဖို႔ လိုအပ္ေၾကာင္း ကိတ္အယ္လန္က AI ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

မၾကာေသးခင္က ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔က ျမန္မာအစိုးရ တာဝန္ရွိသူေတြကို ႏိုင္ငံတကာ ရာဇဝတ္ တရား႐ံုးတင္ဖို႔ ေကာက္ခ်က္ခ်ထားေပမယ့္ ၿဗိတိန္အစိုးရက ဒီအဆိုျပဳခ်က္ကို အခုထိ မေထာက္ခံေသးေၾကာင္းလည္း AI ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဝဖန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်မှန်တဲ့ လူ့အခွင့်အရေး ခေါင်းဆောင်အဖြစ် ပြသဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးသစ်ကို တိုက်တွန်း

မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးသစ် ဂျယ်ရယ်မီဟန့်အနေနဲ့ ရခိုင်ပြည်နယ်အရေးမှာ စစ်မှန်တဲ့ လူ့အခွင့်အရေး ခေါင်းဆောင်အဖြစ် ပြသနိုင်ရမယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ဒါရိုက်တာ ကိတ်အယ်လန်က တိုက်တွန်းထားပါတယ်။

ဂျယ်ရယ်မီဟန့်ရဲ့ အလည်အပတ်ဟာ ဗြိတိန်နိုင်ငံအနေနဲ့ တကမ္ဘာ့စင်မြင့်မှာ လူ့အခွင့်အရေးကို အလေးထား ဆောင်ရွက်ကြောင်း ပြသဖို့ အခွင့်အရေး ဖြစ်ကြောင်း၊ ဟန့် အနေနဲ့ ဒီအရေးပါတဲ့ အခွင့်အရေးကို အကောင်းဆုံးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ကိတ်အယ်လန်က AI ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မကြာသေးခင်က ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က မြန်မာအစိုးရ တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ် တရားရုံးတင်ဖို့ ကောက်ချက်ချထားပေမယ့် ဗြိတိန်အစိုးရက ဒီအဆိုပြုချက်ကို အခုထိ မထောက်ခံသေးကြောင်းလည်း AI ရဲ့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)