ဘဂၤါလီေတြ ခိုးဝင္မႈကို ေအာင္ျမင္စြာ တားဆီးႏိုင္ခဲ့တယ္လို႔ အိႏၵိယေျပာ

0
224

အိႏၵိယႏိုင္ငံအတြင္း ျမန္မာႏိုင္ငံဘက္ကေန ဘဂၤါလီ မြတ္စလင္ေတြ ခိုးဝင္ေနမႈကို ေအာင္ျမင္စြာ တားဆီႏိုင္ခဲ့တယ္လို႔ နယ္ျခားလံုၿခံဳေရးတပ္ဖြဲ႔ အေထြေထြညႊန္ၾကားေရးမွဴး ေကေကရွာမာက ေျပာပါတယ္။

ျမန္မာႏိုင္ငံကေန ဘဂၤလားေဒ့ရွ္ကို ၈ သိန္းကေန ၁၀ သိန္း ဝန္းက်င္ရွိတဲ့ ဘဂၤါလီ မြတ္စလင္ေတြ ဝင္ေရာက္ခဲ့တာ သိၾကၿပီး ျဖစ္ပါတယ္၊ အဲဒီ ဘဂၤါလီေတြကို အိႏၵိယႏိုင္ငံထဲ ဆက္ၿပီး ဝင္မလာႏိုင္ေအာင္ တားဆီးႏိုင္ခဲ့တာ ျဖစ္တယ္လို႔ သတင္းစာ ရွင္းလင္းပြဲတစ္ခုမွာ ညႊန္ၾကားေရးမွဴး ေကေက ရွာမာက ေျပာေၾကာင္း NDTV သတင္းမွာ ေဖာ္ျပထားပါတယ္။

ဘဂၤလားေဒ့ရွ္မွာ ေသာင္တင္ေနတဲ့ ဘဂၤါလီ ဒုကၡသည္ေတြကို အိႏၵိယအစိုးရက လိုအပ္တာေတြ ေထာက္ပံ့ေပးေနေၾကာင္း၊ ဘဂၤလားဒေ့ရွ္ အစိုးရကိုလည္း အကူအညီေပးေၾကာင္း သူက ေျပာပါတယ္။ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ဟာ ကီလိုမီတာ ၄ ေသာင္း ၁ ေထာင္ နယ္နိမိတ္ ထိစပ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီတွေ ခိုးဝင်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့တယ်လို့ အိန္ဒိယပြော

အိန္ဒိယနိုင်ငံအတွင်း မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂါလီ မွတ်စလင်တွေ ခိုးဝင်နေမှုကို အောင်မြင်စွာ တားဆီနိုင်ခဲ့တယ်လို့ နယ်ခြားလုံခြုံရေးတပ်ဖွဲ့ အထွေထွေ ညွှန်ကြားရေးမှူး ကေကေရှာမာက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ၈ သိန်းကနေ ၁၀ သိန်း ဝန်းကျင်ရှိတဲ့ ဘင်္ဂါလီ မွတ်စလင်တွေ ဝင်ရောက်ခဲ့တာ သိကြပြီး ဖြစ်ပါတယ်၊ အဲဒီ ဘင်္ဂါလီတွေကို အိန္ဒိယနိုင်ငံထဲ ဆက်ပြီး ဝင်မလာနိုင်အောင် တားဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ညွှန်ကြားရေးမှူး ကေကေ ရှာမာက ပြောကြောင်း NDTV သတင်းမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ သောင်တင်နေတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေကို အိန္ဒိယအစိုးရက လိုအပ်တာတွေ ထောက်ပံ့ပေးနေကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရကိုလည်း အကူအညီပေးကြောင်း သူက ပြောပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ကီလိုမီတာ ၄ သောင်း ၁ ထောင် နယ်နိမိတ် ထိစပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)