Facebook က လူ႔အခြင့္အေရး ဒါ႐ိုက္တာ ခန္႔ထားမယ္

1
313

ဘဂၤါလီ မြတ္စလင္အေရးနဲ႔ ပတ္သက္လို႔ အမုန္းတရား လံႈ႕ေဆာ္မႈေတြ ေပၚေပါက္ၿပီးေနာက္ လူမႈကြန္ရက္ကို တလြဲသံုးတာေတြနဲ႔ ပတ္သက္ၿပီး ကိုင္တြယ္ဖို႔ Facebook က လူ႔အခြင့္အေရး မူဝါဒ ဒါ႐ိုက္တာကို ခန္႔ထားေတာ့မွာ ျဖစ္ပါတယ္။

လူ႔အခြင့္အေရး မူဝါဒ ဒါ႐ိုက္တာက ၿငိမ္းခ်မ္းေရး တိုးတက္မႈ၊ လူသား လြတ္လပ္မႈနဲ႔ ခိုင္မာအားေကာင္းတဲ့ လူမႈအဖြဲ႔အစည္းေတြ ျဖစ္တည္လာဖို႔ ကူညီလုပ္ေဆာင္မွာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ ရန္ရွာမႈေတြ မလုပ္ေဆာင္ႏိုင္ေအာင္၊ ထုတ္ေဖာ္ ေျပာဆိုမႈေတြ လမ္းမမွားဖို႔နဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ မရွိေအာင္ လုပ္ေဆာင္မွာ ျဖစ္တယ္လို႔ ဖိုင္နန္ရွယ္ အိက္စ္ပရက္စ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

လူ႔အခြင့္အေရး မူဝါဒ ဒါ႐ိုက္တာ တစ္ဦးကို ရွာေဖြေနေၾကာင္း၊ ကုမၸဏီအေနနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ ႏိုင္ငံဆိုင္ရာနဲ႔ ႏိုင္ငံေတြနဲ႔ မဆိုင္တဲ့ က႑ေတြမွာ က်ယ္က်ယ္ျပန္႔ျပန္႔ တားဆီးေရး ပူးေပါင္းေဆာင္ရြက္ဖို႔ ျဖစ္ေၾကာင္း Facebook ရဲ႕ ထုတ္ျပန္ေၾကညာခ်က္မွာလည္း ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Facebook က လူ့အခွင့်အရေး ဒါရိုက်တာ ခန့်ထားမယ်

ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ ပတ်သက်လို့ အမုန်းတရား လှုံ့ဆော်မှုတွေ ပေါ်ပေါက်ပြီးနောက် လူမှုကွန်ရက်ကို တလွဲသုံးတာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖို့ Facebook က လူ့အခွင့်အရေး မူဝါဒ ဒါရိုက်တာကို ခန့်ထားတော့မှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး မူဝါဒ ဒါရိုက်တာက ငြိမ်းချမ်းရေး တိုးတက်မှု၊ လူသား လွတ်လပ်မှုနဲ့ ခိုင်မာအားကောင်းတဲ့ လူမှုအဖွဲ့အစည်းတွေ ဖြစ်တည်လာဖို့ ကူညီလုပ်ဆောင်မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရန်ရှာမှုတွေ မလုပ်ဆောင်နိုင်အောင်၊ ထုတ်ဖော် ပြောဆိုမှုတွေ လမ်းမမှားဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိအောင် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဖိုင်နန်ရှယ် အိက်စ်ပရက်စ် သတင်းမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး မူဝါဒ ဒါရိုက်တာ တစ်ဦးကို ရှာဖွေနေကြောင်း၊ ကုမ္ပဏီအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံဆိုင်ရာနဲ့ နိုင်ငံတွေနဲ့ မဆိုင်တဲ့ ကဏ္ဍတွေမှာ ကျယ်ကျယ်ပြန့်ပြန့် တားဆီးရေး ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ကြောင်း Facebook ရဲ့ ထုတ်ပြန်ကြေညာချက်မှာလည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.