လံုၿခံဳေရးတပ္ဖြဲ႔ေတြ က်ဴးလြန္မႈကို ေဒၚေအာင္ဆန္းစုၾကည္ ဖံုးကြယ္တယ္လို႔ ၾသစေၾတးလ် စံုစမ္းစစ္ေဆးသူ စြပ္စြဲ

2
584

ရခိုင္ျပည္နယ္ ပဋိပကၡမွာ လံုၿခံဳေရးတပ္ဖြဲ႔ေတြ က်ဴးလြန္မႈကို ျမန္မာ့ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္က ဖံုးကြယ္ေနတယ္လို႔ ၾသစေၾတးလ် လူ႔အခြင့္အေရး စံုစမ္းစစ္ေဆးသူက စြပ္စြဲလိုက္ပါတယ္။

ရခိုင္ျပည္နယ္အေရးမွာ လူမ်ိဳးတံုးသတ္ျဖတ္မႈေျမာက္တယ္ဆိုတဲ့ စာမ်က္ႏွာ ၄၀၀ ပါ အစီရင္ခံစာကို ပါဝင္ေရးသားသူ တစ္ဦးျဖစ္တဲ့ ၾသစေၾတးလ်ႏိုင္ငံသား မစၥတာ ခရစ္ဆီဒိုတီက ပဋိပကၡမွာ ၾကားဝင္ေဆာင္ရြက္ဖို႔ ပ်က္ကြက္တဲ့အတြက္ ႏိုဘယ္လ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္လည္း တာဝန္မကင္းဘူးလို႔ ဆန္းေဒးေမာနင္း ဟာရယ္လ္နဲ႔ အင္တာဗ်ဴးမွာ ေဝဖန္ထားတာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ဟာ ၂၀၁၅ ေရြးေကာက္ပြဲမွာ မဲ ၈၀ ရာခိုင္ႏႈန္းနဲ႔ ႏိုင္ထားတာေၾကာင့္ ကိုယ္က်င့္သိကၡာအရ ႀကီးမားသူျဖစ္ေနတဲ့အတြက္ တာဝန္ရွိတာ ျဖစ္တယ္လို႔ သူက ရည္ညႊန္းေျပာဆိုသြားပါတယ္။ ဆီဒိုတီဟာ လူ႔အခြင့္အေရး မဟာမင္းႀကီးေဟာင္းနဲ႔ ၾသစေၾတးလ် ဥပေဒ ျပဳျပင္ေျပာင္းလဲေရး ေကာ္မရွင္မင္းႀကီးေဟာင္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်မှုကို ဒေါ်အောင်ဆန်းစုကြည် ဖုံးကွယ်တယ်လို့ သြစတြေးလျ စုံစမ်းစစ်ဆေးသူ စွပ်စွဲ

ရခိုင်ပြည်နယ် ပဋိပက္ခမှာ လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်မှုကို မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဖုံးကွယ်နေတယ်လို့ သြစတြေးလျ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူက စွပ်စွဲလိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေးမှာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုတဲ့ စာမျက်နှာ ၄၀ဝ ပါ အစီရင်ခံစာကို ပါဝင်ရေးသားသူ တစ်ဦးဖြစ်တဲ့ သြစတြေးလျနိုင်ငံသား မစ္စတာ ခရစ်ဆီဒိုတီက ပဋိပက္ခမှာ ကြားဝင်ဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တာဝန်မကင်းဘူးလို့ ဆန်းဒေးမောနင်း ဟာရယ်လ်နဲ့ အင်တာဗျူးမှာ ဝေဖန်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲ ၈၀ ရာခိုင်နှုန်းနဲ့ နိုင်ထားတာကြောင့် ကိုယ်ကျင့်သိက္ခာအရ ကြီးမားသူဖြစ်နေတဲ့အတွက် တာဝန်ရှိတာ ဖြစ်တယ်လို့ သူက ရည်ညွှန်းပြောဆိုသွားပါတယ်။ ဆီဒိုတီဟာ လူ့အခွင့်အရေး မဟာမင်းကြီးဟောင်းနဲ့ သြစတြေးလျ ဥပဒေ ပြုပြင်ပြောင်းလဲရေး ကော်မရှင်မင်းကြီးဟောင်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.