ကိုရီးယားအပါအဝင် ကမ္ဘာတဝန်းမှာ အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်

0
197

နိုင်ငံတကာ ခရီးသည်တင် လေယာဉ်တွေပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးယား၊ ဘရာဇီး၊ အမေရိကန်၊ ဂျပန်၊ နော်ဝေ၊ စပိန်၊ ဗြိတိန် နိုင်ငံတွေမှာ ပိတ်မိပြီး အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၃၂ ဦးကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်နိုင်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကနေ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

ပှညပြနိုငငြံတှမှော အခကအြခဲ ကှုံတှေ့နရတေဲ့ မှနမြာနိုငငြံသားတှကေို ပှနလြညြ ခေါဆြောငဖြို့ Coronavirus Disease 2019 (COVID-19) ကာကှယြ၊ ထိနြးခွုပြ၊ ကုသရေး အမွိုးသားအဆင့ြ ဗဟိုကောမြတီ လမြးညှှနခြကွနြဲ့အညီ ကယဆြယရြေး လယောဉတြှေ၊ အထူးလယောဉတြှနေဲ့ ပှနလြညြ ခေါဆြောငပြေးနိုငဖြို့အတှကြ နိုငငြံခှားရေးဝနကြှီးဌာန အနနေဲ့ သကဆြိုငရြာ ဝနကြှီးဌာနတှေ၊ သကဆြိုငရြာ နိုငငြံတှကေ မှနမြာသံရုံးတှနေဲ့ ပူးပေါငြးညှိနှိုငြး ဆောငရြှကပြေးခဲ့တာဖှဈပှီး ဒီနေ့အခွိနထြိ မှနမြာနိုငငြံသား စုစုပေါငြး ၃၈၉၄ ဦးကို ပှနလြညခြေါဆြောငြ ပေးနိုငခြဲ့တယလြို့ နိုငငြံခှားရေး ဝနကြှီးဌာနက ထုတပြှနထြားတဲ့ သတငြးမှတတြမြး တှအရေ သိရပါတယြ။

___________________

___________________


နိုင်ငံတကာ ခရီးသည်တင် လေယာဉ်တွေပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးယား၊ ဘရာဇီး၊ အမေရိကန်၊ ဂျပန်၊ နော်ဝေ၊ စပိန်၊ ဗြိတိန် နိုင်ငံတွေမှာ ပိတ်မိပြီး အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၃၂ ဦးကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်နိုင်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကနေ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ 

ပြည်ပနိုင်ငံတွေမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ဆောင်ဖို့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ လမ်းညွှန်ချက်နဲ့အညီ ကယ်ဆယ်ရေး လေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ ပြန်လည် ခေါ်ဆောင်ပေးနိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာ နိုင်ငံတွေက မြန်မာသံရုံးတွေနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ဒီနေ့အချိန်ထိ မြန်မာနိုင်ငံသား စုစုပေါင်း ၃၈၉၄ ဦးကို ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းမှတ်တမ်း တွေအရ သိရပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)