COVID-19 ကာလအတွင်း ပြည်တွင်းလုပ်ငန်းရှင်တွေကို ငွေကျပ် ၈၆ ဘီလီယံခန့် ချေးပေးထား

0
257

COVID-19 ကာလအတွင်း မြန်မာနိုင်ငံသားပိုင် လုပ်ငန်းတွေကို ငွေကျပ် ၈၆ ဘီလီယံခန့် အတိုး ၁ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးထားတယ်လို့ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့က အစိုးရ အနေနဲ့ COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုတွေကို ကုစားနိုင်ဖို့အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး၊ အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ အသေးစား၊ အငယ်စား၊ အလတ်စာ းစီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ ရန်ပုံငွေကျပ် ၁၀၀ ဘီလီယံကို ထူထောင်ခဲ့ပြီး လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ခန့်ကို ငွေထုတ်ချေးခဲ့တာ ဖြစ်ပါတယ်။


_______________

_______________

COVID-19 ကာလအတွင်း ပြည်တွင်းလုပ်ငန်းရှင်တွေကို ငွေကျပ် ၈၆ ဘီလီယံခန့် ချေးပေးထား

COVID-19 ကာလအတွင်း မြန်မာနိုင်ငံသားပိုင် လုပ်ငန်းတွေကို ငွေကျပ် ၈၆ ဘီလီယံခန့် အတိုး ၁ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးထားတယ်လို့  ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့က အစိုးရ အနေနဲ့ COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုတွေကို ကုစားနိုင်ဖို့အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး၊ အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ အသေးစား၊ အငယ်စား၊ အလတ်စာ းစီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ ရန်ပုံငွေကျပ် ၁၀၀ ဘီလီယံကို ထူထောင်ခဲ့ပြီး လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ခန့်ကို ငွေထုတ်ချေးခဲ့တာ ဖြစ်ပါတယ်။

ချေးငွေထုတ်ချေးရာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ ကုန်သည်စက်မှု အသင်းချုပ်နဲ့ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အသင်းတို့ကနေ စိစစ်ပြီး ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)