၈၈ မျိုးဆက် အပါအဝင် နိုင်ငံရေးမျိုးဆက် အသီးသီးကို ရွေးကောက်ပွဲဝင်ဖို့ ပြည်သူ့ပါတီ ဖိတ်ခေါ်

0
815

၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တဲ့ အင်အားစုတွေ အပါအဝင် နိုင်ငံရေးမျိုးဆက် အသီးသီးကို ရွေးကောက်ပွဲ ဝင်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက ဖိတ်ခေါ်လိုက်ပါတယ်။

နိုင်ငံရေးမျိုးဆက်တွေဟာ အရေးတော်ပုံ ကာလတလျှောက်လုံး စဉ်ဆက်မပြတ် တိုက်ပွဲဝင်ခဲ့သူတွေ၊ အခြေအနေ အမျိုးမျိုးကြောင့် တော်လှန်ရေးကနေ အပြင်ထွက်ကာ အားပေးခဲ့ကြသူတွေ၊ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ပညာရှင်၊ ပညာတတ်တွေနဲ့ ကဏ္ဍအသီးသီးမှာ ရှိနေတယ်လို့ ပြည်သူ့ပါတီက ပြောပါတယ်။


________________

________________


၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တဲ့ အင်အားစုတွေ အပါအဝင် နိုင်ငံရေးမျိုးဆက် အသီးသီးကို ရွေးကောက်ပွဲ ဝင်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက ဖိတ်ခေါ်လိုက်ပါတယ်။

နိုင်ငံရေးမျိုးဆက်တွေဟာ အရေးတော်ပုံ ကာလတလျှောက်လုံး စဉ်ဆက်မပြတ် တိုက်ပွဲဝင်ခဲ့သူတွေ၊ အခြေအနေ အမျိုးမျိုးကြောင့် တော်လှန်ရေးကနေ အပြင်ထွက်ကာ အားပေးခဲ့ကြသူတွေ၊ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ပညာရှင်၊ ပညာတတ်တွေနဲ့ ကဏ္ဍအသီးသီးမှာ ရှိနေတယ်လို့ ပြည်သူ့ပါတီက ပြောပါတယ်။

၈၈ မျိုးဆက်တွေရဲ့ နိုင်ငံရေးသမိုင်း မပျောက်ဆုံးစေဖို့အတွက် မိမိတို့ရဲ့သမိုင်းအစဉ်အလာ၊ ဖြတ်သန်းမှု အတွေ့အကြုံ၊ စေတနာတို့ကို အကြောင်းပြုလို့ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော်အတွင်း ဝင်ရောက်ကြဖို့နဲ့ မိမိဆန္ဒရှိရာ နေရာတွေက ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ၈၈ မျိုးဆက်တွေကိုလည်း ပြည်သူ့ပါတီက  တတ်နိုင်သလောက် ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြည်သူ့ပါတီက တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)