မီတာခနှုန်းထားပြင်ဆင်ချက် တိတိကျကျ ထုတ်ပြန်ပေးမယ်

0
259

လျှပ်စစ်မီတာခ ဈေးနှုန်းပြင်ဆင်သတ်မှတ်မှုကို မကြာခင် လွှတ်တော်တင် အတည်ပြုချက်ရယူပြီး တိတိကျကျ ထုတ်ပြန်ပေးသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်ကပြောပါတယ်။

ဓာတ်ပုံ- HEIN HTET/EPA-Myanmar

ဇွန် ၁၅ ရက်က နေပြည်တော်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးမှာ လုပ်ခဲ့တဲ့ ဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး လတ်တလောမှာ လျှပ်စစ် တယူနစ်သုံးစွဲတိုင်း ၂၃ ကျပ်ခန့် အရှုံးပ်ါနေတယ်လို့လည်း သူကပြောပါတယ်။

လျှပ်စစ်မီတာခဈေး နှုန်းများတိကျစွာပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ လျှပ်စစ်ဝန် ကြီးများ၊ ပညာရှင်များနဲ့ တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဌာနအနေနဲ့ မကြာခင်ကာလမှာ ပြီးပြတ်အောင်အဓိကတာဝန်ကြီးတခုအနေနဲ့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)