ချင်းနိုင်ငံရေးပါတီ ၂ ခု တစ်ပါတီအဖြစ် ပေါင်းစည်း

0
284

ချင်းနိုင်ငံရေးပါတီကြီး နှစ်ခုဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) နဲ့ ချင်းတိုးတက်ရေးပါတီ (CPP) ပါတီတို့ဟာ တစ်ပါတီအဖြစ်ပေါင်းစည်းဖို့ သဘောတူ ဆုံးဖြတ်လိုက်ကြပါတယ်။

ဇွန်လ ၁၅ ရက်က ရန်ကုန်မှာ ချင်းနှစ်ပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် တစ်ပါတီအဖြစ်ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ နှစ်ပါတီပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

ပေါင်းစည်းရေးဖြစ်စဉ်မှာ တခြား ချင်းပါတီများချင်းလူမျိုးကို အခြေံမခံတဲ့ တခြားနိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလများကို တန်းတူပါဝင်နိုင်ရေး တံခါးဖွင့် လက်ကမ်းကြိုဆိုတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ချင်းနိုင်ငံရေးပါတီကြီး ၃ ခုဖြစ်တဲ့ CNDP, CPP, CLD ပါတီတို့ဟာ တစ်ပါတီ အဖြစ်ပေါင်းစည်းရေးကို ၂၀၁၆ ခုနှစ် မေလကစပြီး ကြိုးပမ်းလာခဲ့ကြရာမှာ အခုတော့ ချင်းအမျိုးသားဒီမို ကရက်တစ်ပါတီ (CNDP) နဲ့ ချင်းတိုးတက်ရေးပါတီ( CPP) ပါတီတို့ပဲ ပေါင်းစည်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)