ပျက်ကျလေယာဉ် အစိတ်အပိုင်းနဲ့ ရုပ်အလောင်း အားလုံးရအောင် ရှာဖွေဖို့ ဗိုလ်ချုပ်မှူးကြီး ပြော

0
298

ပျက်ကျလေယာဉ် အစိတ်အပိုင်းအားလုံးနဲ့ ရုပ်အလောင်းအားလုံးရရှိတဲ့အထိ ရှာဖွေဆယ်ယူရေးလုပ်ငန်းများ ကြိုးစားလုပ်ဆောင်ဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ ဇွန်လ ၇ ရက်က Y8 တပ်မတော်လေယာဉ် ပျက်ကျပြီးနောက် ဇွန် ၁၆ ရက်မှာ ထားဝယ်ကို ပထမဆုံးအကြိမ် ရောက်ရှိနေပြီး အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး မှာကြားနေတာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က မြေပြင်တပ်များနဲ့ ကမ်းခြေတစ်လျှောက် ဖြန့်ခွဲရှာဖွေမှုများကို မြေပုံဖြင့် စနစ်တကျမှတ်တမ်းထားရှိဖို့ ၊ ဒေသခံပြည်သူများရဲ့ အကူအညီရယူပြီး ပူးပေါင်းဆောင်ရွက်ဖို့ ၊ ရေအောက်မှာ တွေ့ရှိရတဲ့ လေယာဉ်အစိတ်အပိုင်းအား အရေးကြီးတဲ့ အစိတ်အပိုင်းများမထိခိုက်စေဘဲ စနစ်တကျဆယ်တင်ဖို့ တို့ကိုလည်း အလေးထားမှာကြားခဲ့ပါတယ်။

တပ်မတော်သားများ နှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုတဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8-200 F အမျိုးအစား လေယာဉ်အမှတ်-၅၈၂၀ ဟာ ဇွန်လ ၇ ရက်က မြိတ်ကနေ ရန်ကုန်ကို ပျံသန်းရင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။

(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)