အာဇာနည်နေ့အကြောင်း ပြည်သူ ပိုသိအောင်လုပ်ရန် ဒုသမ္မတပြော

0
521

အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ပြည်သူလူထုတစ်ရပ်လုံး ပိုမိုသိရှိအောင် ဆောင်ရွက်ကြဖို့ နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟို ကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ဇွန်လ ၁၆ ရက်ကပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့ ကျင်းပရေးစည်းဝေးပွဲမှာ ဒုသမ္မတက ပြောခဲ့တာဖြစ်ပြီး အာဇာနည်နေ့ နဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးများ၊ တွေ့ဆုံမေးမြန်းခန်းများ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းများ၊ အာဇာနည်နေ့ သီချင်းများ၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ မှတ်တမ်းများ၊ ရုပ်ရှင်ထုတ်လွှင့်ခြင်းများ ဆောင်ရွက်ကြဖို့လည်း ဒုသမ္မတက ပြောပါတယ်။

ဒါ့အပြင် အာဇာနည်နေ့အခန်းအနားမှာ လုံခြုံရေးကို အထူးအလေးထား လုပ်ဆောင်ဖို့လည်း ဒုသမ္မတက မှာပါတယ်။

ပြီးခဲ့တဲ့နှစ် ရန်ကုန်မြို့၊ အာဇာနည်ဗိမ္မာန်မှာလုပ်ခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူနဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့ တက်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)