ယူအန်အက်ဖ်စီ ညီလာခံ ဇွန် ၂၀ ကျင်းပမည်

0
275

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ယူအန်အက်ဖ်စီ ညီလာခံကို ဇွန် ၂၀ရက်မှာ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ စတင်ကျင်းပမှာဖြစ်ပြီး ညီလာခံတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ခုကို ဖိတ်ကြားထားပါတယ်။

ဒီတကြိမ် ညီလာခံအတွင်း ယူအန်အက်ဖ်စီ တပ်ပေါင်းစုကနေ နှုတ်ထွက်ခွင့်တောင်းထားတဲ့ ကေအိုင်အို ကချင်တပ်ဖွဲ့ အပါအ၀င် တပ်ဖွဲ့များကိစ္စ၊အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်လက် ဆွေးနွေးဖို့ရှိတဲ့ တောင်းဆိုချက် ၉ချက်ကိစ္စတို့ကို အလေးထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ယူအန်အက်ဖ်စီ ညီလာခံအတွင်း တပ်ဖွဲ့ဝင်အသစ်များ လက်ခံခြင်း မပြုဖို့ အစိုးရဘက်က သတိပေးထားပြီး အသစ်လက်ခံလိုက်ရင် အစိုးရနဲ့ ဆက်လက်ဆွေးနွေးဖို့ အခက်အခဲ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၁ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၁၂ခုနဲ့ ဖွဲ့စည်းခဲ့တဲ့ ယူအန်အက်ဖ်စီ တပ်ပေါင်းစုမှာ လက်ရှိ တပ်ဖွဲ့ ၅ခုပဲ ကျန်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)