LDC စာရင္းက လြတ္ေျမာက္ေရး စံသတ္မွတ္ခ်က္ေတြ ျပည့္မီခဲ့ဟု ႏိုင္ငံေတာ္သမၼတေျပာၾကား

0
547
devices -->

■ ျမန္မာႏိုင္ငံအေနနဲ႔ ဖြံ႔ၿဖိဳးမႈအနည္းဆံုး ႏိုင္ငံမ်ားစာရင္း LDC က လြတ္ေျမာက္ေရး စံသတ္မွတ္ခ်က္ ၃ ခုလံုးကို ၂၀၁၈ ခုႏွစ္မွာ ပထမအႀကိမ္ ျပည့္မီခဲ့တဲ့ တိုးတက္မႈ ရလဒ္ ရွိခဲ့တယ္လို႔ ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ေျပာၾကားလိုက္ပါတယ္။

■ ဒီကေန႔ ဧၿပီလ ၁၇ ရက္ေန႔မွာ ေျပာၾကားတဲ့ ျမန္မာသကၠရာဇ္ ၁၃၈၁ ခုႏွစ္ ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကားမွာ အဲ့ဒီလိုေျပာၾကားလိုက္တာပါ။

■ ဒီလိုေျပာၾကားရာမွာေတာ့ NLD အစိုးရ တာ၀န္ယူခဲ့တဲ့ ၃ ႏွစ္တာ ကာလအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းေပါင္း ၅၈၄ ခုကေန အေမရိကန္ေဒၚလာ ၁၅.၉၉ ဘီလီယံ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

■ ဒါ့အျပင္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း အေရအတြက္ စုစုေပါင္း ၃၅၉ ခုက တန္ဖိုး က်ပ္ေငြ ဘီလီယံေပါင္း ၇၃၉၀ ေက်ာ္ကိုလည္း ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္က စိစစ္ခြင့္ျပဳခဲ့တယ္လို႔လည္း ေျပာၾကားခဲ့တာပါ။

■ အလားတူ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဧၿပီလကေန စက္တင္ဘာလအထိ ပထမ ၆ လအတြင္း စီးပြားေရး တိုးတက္မႈ ၆.၅ % ရွိခဲ့တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။


■ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်း LDC က လွတ်မြောက်ရေး စံသတ်မှတ်ချက် ၃ ခုလုံးကို ၂၀၁၈ ခုနှစ်မှာ ပထမအကြိမ် ပြည့်မီခဲ့တဲ့ တိုးတက်မှု ရလဒ် ရှိခဲ့တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

■ ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ပြောကြားတဲ့ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

■ ဒီလိုပြောကြားရာမှာတော့ NLD အစိုးရ တာဝန်ယူခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၈၄ ခုကနေ အမေရိကန်ဒေါ်လာ ၁၅.၉၉ ဘီလီယံ ရှိခဲ့တယ်လို့ ဆိုပါတယ်။

■ ဒါ့အပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အရေအတွက် စုစုပေါင်း ၃၅၉ ခုက တန်ဖိုး ကျပ်ငွေ ဘီလီယံပေါင်း ၇၃၉၀ ကျော်ကိုလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စိစစ်ခွင့်ပြုခဲ့တယ်လို့လည်း ပြောကြားခဲ့တာပါ။

■ အလားတူ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ပထမ ၆ လအတွင်း စီးပွားရေး တိုးတက်မှု ၆.၅ % ရှိခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။