Myanmar Idol ဖိုင်နယ်အဆင့် သားငယ်နဲ့ ဘီလီလမင်းအေးတို့ တက်ရောက်

0
1008

မြန်မာနိုင်ငံတဝှမ်း စိတ်ဝင်စားမှု များပြားတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 2 ဆီမီးဖိုင်နယ်အဆင့် ပြိုင်ပွဲမှာ သားငယ်နဲ့ ဘီလီ လမင်းအေးတို့က မဲအများဆုံးနဲ့ Grand Final အဆင့်ကို တက်သွားခဲ့ပြီး ပိုးမီကတော့ ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရပါတယ်။

(ဓာတ်ပုံ – ကိုဖိုးသား – တောင်ကြီး)

ပွဲစဉ်အဆင့်ဆင့်တွေမှာ မဲပေးပြီး ဆုံးဖြတ်တဲ့ ပြိုင်ပွဲဖြစ်ပြီး MPT က ပေးတဲ့မဲ၊ Facebook က ပေးတဲ့မဲတို့နဲ့ မဲရလဒ်များကို စိစစ်တွက်ချက်ထားခြင်းပါ။ Myanmar Idol ပွဲစဉ်တလျှောက်လုံးမှာ ပြိုင်ပွဲဝင်များဟာ ပွဲစဉ် အမျိုးမျိုးမှာ သီချင်းမျိုးစုံကို သီဆို ဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲဝင်များဟာ တစ်ယောက် တစ်မျိုးစီ ကောင်းခဲ့ကြပါတယ်။ ပြိုင်ပွဲဝင်သူ တစ်ဦးစီရဲ့ ပရိသတ် Fan တွေ အချင်းချင်းလည်း အငြင်းပွားမှု အများဆုံး ဖြစ်ခဲ့တဲ့ ပြိုင်ပွဲလို့ ဆိုနိုင်ပါတယ်။

(ဓာတ်ပုံ – ကိုဖိုးသား – တောင်ကြီး)

ဒုတိယ အကြိမ်မြောက်ဖြစ်တဲ့ ဒီ Myanmar Idol မှာ ဒိုင်တွေဖြစ်တဲ့ မြန်မာပြည် သိန်းတန်၊ မေဆွိ၊ တင်ဇာမော်တို့ကြောင့်လည်း ပွဲဟာ အထူးသဖြင့် ဆွဲဆောင်မှု ရှိခဲ့ပါတယ်။

MPT ဖုန်းတမျိုးနဲ့သာ အကန့်အသတ်မရှိ မဲပေးခွင့် စနစ်နဲ့ မဲပေးမှုတွေဟာ ဘယ်လောက်အထိ စနစ်တကျ ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီးလည်း ပရိသတ်များရဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)