ကျွန်းစုရေပြင်မှာ ငါးခိုးဖမ်းတဲ့ ငါးဖမ်းစက်လှေနှစ်စီး ဖမ်းဆီးရမိ

0
410

ကျွန်းစုရေပြင်က ငါးခိုးဖမ်းတဲ့ ကမ်းဝေးဒရွတ်ဆွဲ ငါးဖမ်းစက်လှေ နှစ်စီးကို မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ဒုံးကျွန်းအနောက် ကမ်းနီးရေပြင်အတွင်းကို ၀င်ရောက် ငါးခိုးဖမ်းနေတဲ့ ငါးဖမ်းစက်လှေနှစ်စီးဟာ အောင်မိုးသိန်း (၇၂) ကမ်းဝေးဒရွက်ဆွဲ ငါးဖမ်းစက်လှေနှင့် အောင်ချမ်းသာ (၁) ကမ်းဝေးဒရွက်ဆွဲ ငါးဖမ်းစက်လှေ တို့ပဲ ဖြစ်ပါတယ်။

အဆိုပါ စည်းကမ်းပျက် ကမ်းဝေးဒရွက်ဆွဲ ငါးဖမ်းစက်လှေ (၂) စီးဟာ ၂၀၁၆/ ၂၀၁၇ ငါးဖမ်းရာသီမှာ လုပ်ငန်းလိုင်စင် ရှိသော်လည်း ကမ်းနီးကို စည်းကမ်းမဲ့ ၀င်ရောက် ဖမ်းဆီးတဲ့အတွက် ငါးလုပ်ငန်း ဥပဒေအရ အရေးယူနိုင်ရန် မြိတ်မြို့နယ် ငါးဦးစီးဌာနရုံးမှ နေပြည်တော်ရှိရုံးသို့ ပေးပို့ ထားပြီဖြစ်ပါတယ်။
ဇော်ဇော် (မြိတ်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)