တောင်ငူမြို့က GTC ကျောင်းသား ဆွဲကြိုးချ သေဆုံး

0
319

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့က “ ရွှေမြင့်မိုရ်”အမျိုးသားဘော်ဒါဆောင်က ကျောင်းသားတစ်ဦး ဒီကနေ့ နံနက် ခြောက်နာရီ ၀န်းကျင်လောက်မှာ ဆွဲကြိုးချ သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

သေဆုံးသူမှာ အမျိုးသားဘော်ဒါဆောင် အခန်း ၆ က မောင်အောင်ဖြိုးဝေ (၂၀)နှစ်၊ (ဘ) ဦးစန်းမြင့်၊ GTC တတိယနှစ် BEEP ပဲနွယ်မြို့နေသူ ဖြစ်ပြီး အများသုံးရေချိုးခန်းထုတ်တန်းမှာ ဆွဲကြိုးချ သေဆုံးနေတာဖြစ်ပါတယ်။

သေဆုံးသူမှာ အရက်သေစာသောက်စားသူမဟုတ်၊ သူငယ်ချင်းအပေါင်းအသင်း မရှိ၊ အိမ်တွင်းရေး ပြဿနာတစ်စုံတစ်ရာကြောင့်သာ စိတ်ညစ်ပြီး ဆွဲကြိုးချ သေဆုံးရခြင်းပဲဖြစ်ပါတယ်။

မသေဆုံးခင်မှာ ဗလာစာရွက်နဲ့ သေတမ်းစာတစ်စောင်ကိုလည်း ရေးထားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသူကို တောင်ငူဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိနိုင်ဖို့အတွက် မြို့သစ်နယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၇ နဲ့ စစ်ဆေးဆောင်ရွက်လျက် ရှိပါတယ်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)