NLD တွေ သမိုင်းကောင်း ရေးနိုင်ကြပါစေလို့ ဦးရွှေမန်းဆုတောင်း

0
316

NLD အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သမိုင်းကောင်း ရေးနိုင်ကြပါစေလို့ လွှတ်တော် ဥက္ကဋ္ဌ (ဟောင်း) သူရဦးရွှေမန်းက ဆုတောင်းမှု ပြုလုပ်လိုက်ပါတယ်။

မတ်လ (၁၅) ရက်နေ့က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာက တဆင့် အဲ့ဒီ ဆုတောင်းစာ ပါဝင်တဲ့ စာသားကို ဖော်ပြလိုက်တာပါ။ ဒီလို ဖော်ပြရာမှာတော့ “ကိုယ့်သမိုင်း ကိုယ်ရေး၍ ကိုယ့်တာဝန် ကိုယ်ယူကြရမည်ဖြစ်ရာ သမိုင်းကောင်း ရေးနိုင်ကြပါစေ” လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါအပြင် အဲ့ဒီစာထဲမှာပဲ “တရဂားဥပဒေစိုးမိုးမှုဖြင့် အမျိုးသားပြန်လည်သင့်မြတ်ပါစေ၊ ပြည်သူများ ငြိမ်းချမ်းလုံခြုံကြပါစေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပါစေ” လို့ ပြောဆိုထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)