ဦးဝီရသူ သာသနာရေးဝန်ကြီးကို လုပ်ရဲရင် ခံရဲရမယ်လို့ မိန့်ကြား

0
331

 ဦးဝီရသူ သာသနာရေးဝန်ကြီးကို လုပ်ရဲရင် ခံရဲရမယ်လို့ မိန့်ကြားလိုက်ပါတယ်။

စံတော်ချိန် သတင်းစာမှာ ဖော်ပြပါရှိခဲ့တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုရဲ့ မဘသလို့ ခေါ်တဲ့ အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့နဲ့ ပတ်သက်တဲ့ ပြောဆိုချက်အပေါ် ဦးဝီရသူက သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာက တဆင့် အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှာတော့ ဦးဝီရသူက “ဘဝဆိုတာ သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည်း၊ လုပ်ရဲရင် ခံရဲရမယ်နော်” လို့ မိန့်ကြားထားတာပါ။

စံတော်ချိန် သတင်းစာထဲမှာတော့ သာသနာရေးဝန်ကြီး သူရ ဦးအောင်ကိုက “မဘသအဖွဲ့မှာ ပါဝင်တဲ့ ဆရာတော်တွေရဲ့ ၉၀ ရာခိုင်နှုံးဟာ သီလသမာဓိပညာပြည့်စုံကြပြီး အစွန်းရောက်သဘော ရှိတဲ့ သံဃာ အနည်းငယ်သာရှိတယ်” လို့ ပြောကြားထားတာပါ။

လက်ရှိအခြေအနေမှာ တော့  သံဃမဟာနာယက အဖွဲ့က ဆရာဦးဝီရသူကို အမုန်းတရားတွေ ဟောကြားနေတယ်ဆိုတဲ့ အချက်နဲ့ တရားဟောခွင့် တစ်နှစ် ပိတ်ပင်ထားပေမယ့် ဆရာတော်ဦးဝီရသူကတော့ ပါးစပ်ကို တိတ်တွေနဲ့ ပိတ်လျှက် အရင်က ဟောကြားခဲ့တဲ့ တရားတွေကို ပြန်ဖွင့်ပြီး တရားပွဲတွေကို ကျင်းပနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)