Facebook ပေါ်က အမှုတွေနဲ့ပတ်သက်ပြီး NLD အစိုးရက လူ ၁၃၀ နီးပါးကို အရေးယူ

0
296

Facebook လူမှုကွန်ရက်ပေါ်က အမှုတွေနဲ့ ပတ်သက်ပြီး NLD အစိုးရက လူပေါင်း ၁၃၀ နီးပါးကို အရေးယူခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ပြောကြားလိုက်ပါတယ်။

မတ်လ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက် တွေမှာ အဲ့ဒီလို ဖော်ပြလာတာပါ။ ဒီလိုဖော်ပြရာမှာတော့ လူမှုကွန်ရက်တွေပေါ်က ခြိမ်းခြောက်နှောင့်ယှက်တဲ့ အပေါ် အရေးယူမှု ၃၅၁ မှုရှိတဲ့ထဲက ၉၂ မှုက တရားခံ ကျား ၁ဝ၄ ဦး၊ မ ၂၄ ဦး စုစုပေါင်း ၁၂၈ ဦး ဖော်ထုတ်တရားစွဲတင်နိုင်ခဲ့တယ်လို့ ပြောပြထားပါတယ်။

အဲ့ဒီအမှုတွေထဲက ၁၇၅ မှုကတော့ စုံစမ်းဆဲဖြစ်ပြီး ၂၅ မှုကို ပိတ်သိမ်းခဲ့တယ်လို့ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ လူမှုကွန်ရက်ပေါ်က အမှုပေါင်း ၅၉ ခုကတော့ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ မသိရှိရပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)