ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး မြင့်တက်၊ ဒေါ်လာ သန်း ၂၀၀ ခန့် တိုးလာ

0
349

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ခန့် ထပ်တိုးလာပြီး မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ပိုမြင့်လာပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဟာ ဒီနှစ် ဘဏ္ဍာရေးနှစ်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရှိပြီး မနှစ်က ၁ ဘီလီယံသာ ရှိတဲ့အတွက် သန်း ၂၀၀ တိုးလာတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် ခြောက်ခု ရှိပါတယ်။ ရှမ်းပြည်နယ်က တာချီလိတ်၊ ကရင်ပြည်နယ်က မြဝတီ၊ တနင်္သာရီတိုင်းက ကော့သောင်း၊ မြိတ်၊ ထီးခီးနဲ့ မောတောင်တို့ ဖြစ်ပါတယ်။ အဲဒီအထဲမှာ မြဝတီ ဂိတ်ကတော့ အကြီးဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်တို့နဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ် ၁၅ ခုရှိပြီး ကုန်သွယ်မှု ၆ ဒသမ ၆၄ ဘီလျံဖိုးအထိ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)