NLD အစိုးရလက်ထက် နိုင်ငံတော်ရဲ့ အခြေအနေ ၀မ်းသာဖွယ်ရာ မရှိဟု သူရဦးရွှေမန်းဆို

0
379

 NLD အစိုးရလက်ထက် နိုင်ငံတော်ရဲ့ အခြေအနေမှာ ၀မ်းသာဖွယ်ရာ မရှိသေးဘူးလို့ လွှတ်တော် ဥက္ကဋ္ဌ (ဟောင်း) သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

 

မတ်လ (၁၇) ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက တဆင့် သူရဦးရွှေမန်းက အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာ တော့  “ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံအခြေအနေတွေကို ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလားလို့ မေးလာလျှင် ၀မ်းမသာသေးဘူးဗျာလို့ပဲ ဖြေရမှာပါ။ ၀မ်းသာချင်ကြတယ်ဗျာ။ ကျွန်တော်တို့ ၀မ်းသာချင်ကြတယ်ဗျာ။ဓ လို့ ပြောဆိုထားတာပါ။

ဒါ့အပြင် “အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ၀မ်းသာချင်ကြတယ်ဗျာ။ ဒီကိစ္စတွေမှာ ပြည်သူတွေပါဝင်ဖို့ လိုတယ်လို့ ပြောကြားတာမမှားပါဘူး။ ဒါပေမယ့် ဆုံးဖြတ်ဆောင်ရွက်နိုင်တဲ့ သူတွေက ပိုပြီး အရေးမကြီးဘူးလားဗျာ။” လို့ လည်း ပြောကြားထာတားဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)