ဦးကိုနီကို လုပ်ကြံခဲ့တဲ့ ကြည်လင်း အပါအ၀င် ပါဝင်ပတ်နေသူ လေးဦးကို ရုံးထုတ်

0
267

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဦးကြည်လင်းအပါအ၀င် အမှုမှာ ပါဝင်ပတ်သက်နေသူတွေကို ပထမဆုံးအကြိမ်အနေနဲ့ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

(ဓာတ်ပုံ- ကိုသီဟ)

ဒီကနေ့ မတ်လ (၁၇) ရက်နေ့ မနက်ပိုင်းက ဦးကြည်လင်းနဲ့အတူ ဦးအောင်ဝင်းဇော် ဦးအောင်ဝင်းထွန်းနဲ့ ဦးဇေယျာဖြိုးတို့ လေးဦးကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင် တရားရုံးမှာ ပထမဆုံးအကြိမ် အနေနဲ့ ရုံးထုတ်ခဲတာပါ။

အဲဒီလို ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် တရားခံအဖြစ် စွတ်စွဲခံရသူတွေဘက်က ရှေ့နေတွေ မပါဝင်ခဲ့တာကြောင့် စစ်ဆေးမှု မလုပ်နိုင်သေးဘူးလို့ ဝင်ရောက်လေ့လာသူတွေက မီဒီယာတွေကိုပြောပါတယ်။

ဦးကြည်လင်း ဘက်က ရှေ့နေလိုက်မယ့်သူ မပါသေးဘူး အဲဒါကြောင့် တရားရုံးက ရှေ့နေလိုက်ဖို့ ကိစ္စတွေကို မေးမြန်းခဲ့ပြီး အခက်ခဲရှိပါက နိုင်ငံတော်ဘက်က လိုက်ပေးဖို့ ပြောခဲ့ပေမယ့် ကြည်လင်းက သူကိုယ်တိုင် ရှေ့နေငှားရမ်းမယ်လို့ ပြောဆိုခဲ့တာပါ။

လက်ရှိမှာတော့ တရားရုံးမှာ လုံခြုံရေးအင်အား ၁၀၀ ကျော်ချထားပြီး ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ (ဓာတ်ပုံ – ကိုသီဟ)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)