NLD လွှတ်တော်နဲ့ အစိုးရ တိုင်းရင်းသားချင်း သွေးကွဲအောင် တမင်ဖန်တီးဟု ကြံ့ခိုင်ရေးပါတီဆို

0
260

NLD လွှတ်တော်နဲ့ အစိုးရ တိုင်းရင်းသားချင်း သွေးကွဲအောင် တမင်ဖန်တီးသလိုဖြစ်ခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီက ဝေဖန်လိုက်ပါတယ်။

ဲပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက မတ်လ (၁၅) ရက်နေ့မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က  ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှာတော့ “သံလွင်တံတား (ချောင်းဆုံ) နှင့် ပတ်သက်၍ အမည်ပေးမှုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခြင်းမှာ ယင်းနိုင်ငံရေးသမား များ၏ ဆင်ခြင်တုံတရားအတိမ်အနက်ပေါ်မူတည်၍ တိုင်းရင်းသားချင်းသွေးကွဲစေရန် တမင်ဖန်တီးသကဲ့သို့ဖြစ်ခဲ့တယ်” လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အနိုင်ယူဗိုလ်ကျတဲ့ လုပ်ရပ်မျိုးမဖြစ်အောင် အထူးဆင်ခြင်ကြဖို့ကိုလည်း တိုက်တွန်းထားတာပါ။ အလားတူ သံလွင်တံတား (ချောင်းဆုံ) အမည်ပေးမှုအပေါ် ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒအတိုင်း ကြံ့ခိုင်ရေးပါတီက တစ်သားတည်းရပ်တည်နေတယ်လို့လည်း ပြောကြားထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)