NLD အစိုးရ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ပြင်မယ်

0
297

NLD အစိုးရအဖွဲ့အနေနဲ့ လာမယ့် နှစ်မှာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်ဖို့ရှိနေပါတယ်။ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာတဲ့ အစိုးရသစ်သက်တမ်း တစ်နှစ်တာကာလ အတွင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ ဒုတိယရဲမှူးကြီး တင်ဝင်းက အဲ့ဒီလို ပြောကြား လိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေနဲ့အတူ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဒေကိုလည်း ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဥပဒေကိုတော့ အသစ်ရေးဆွဲပြီး ပြဌာန်းနိုင်ဖို့ စီစဉ်နေတာပါ။

လက်ရှိအခြေအနေမှာတော့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီမံခန့်ခွဲနေတဲ့ ဥပဒေ ၂၂ ခုရှိရှိပြီး အဲ့ဒီထဲက ဥပဒေ ၁၂ ခုကို မူလအတိုင်းထားရှိ အုန်းမှာဖြစ်ပြီး ဥပဒေ ၈ ခုကိုတော့ ရုပ်သိမ်းကာ အသစ်ရေးဆွဲသွားဖို့ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)