NLD အစိုးရ ငွေကြေးခဝါချမှု ၃၇ မှုကို စိစစ်ဆောင်ရွက်နိုင်မှု မရှိ

0
294

NLD အစိုးရလက်ထက် ငွေကြေးခဝါချမှု ၃၇ မှုကို စိစစ်ဆောင်ရွက်နိုင်မှု မရှိဘူးလို့ အစိုးရ အဖွဲ့က တရားဝင်ပြောကြားလိုက်ပါတယ်။

မတ်လ (၁၇) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာတဲ့ အစိုးရသစ်သက်တမ်း တစ်နှစ်တာကာလမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက် တွေကို ဖော်ပြရာမှာ အဲ့ဒီလိုဖော်ပြလာတာပါ။

ဒီလိုဖော်ပြတဲ့နေရာမှာတော့ြ ပည်ထဲရေးဝန်ကြီးဌာန အနေနဲ့ ငွေကြေးခဝါချမှုစိစစ်ခြင်းလုပ်ငန်းများ စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရာမှာ အမှုပေါင်း ၉၃ မှု စိစစ်ရန်တာဝန်ပေးအပ်ခဲ့ပြီး ၅၆ မှု စိစစ်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြထားတာကြောင့် ၃၇ မှုကို စိစစ်ဆောင်ရွက်နိုင်မှု မရှိတာကို တွေ့ရတာပါ။

ဒီလိုဖော်ပြတဲ့နေရာမှတော့ ဘယ်လို လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်း တွေရဲ့ ငွေကြေးခ၀ါချမှုတွေကို စိစစ်နိုင်ခဲ့တယ်ဆိုတာမျိုးကိုတော့ ထည့်သွင်းဖော်ပြထားတာမျိုး မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)