အိန္ဒိယ-မြန်မာ နယ်စပ်မှာ IS စစ်သွေးကြွလို့ သံသယရှိသူ နှစ်ဦး ဖမ်းမိ

0
280

အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရမှာ မတ်လ ၁၄ ရက်နေ့က IS အကြမ်းဖက် စစ်သွေးကြွ အဖွဲ့ဝင်လို့ သံသယရှိသူ နှစ်ဦးကို လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ကနဦး စစ်ဆေးချက်တွေအရ နာဇီယာ မိုဟာမက်နဲ့ အဘူဘာကီယာ ဆိုသူ နှစ်ဦးဟာ တမီလ်နာဒူးပြည်နယ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ချင်နိုင်းကနေ မဏိပူရ၊ မဏိပူရကနေ နယ်စပ်မြို့ မိုးရေးကို သွားကြမှာဖြစ်ပါတယ်။

အဲဒီ သံသယရှိသူ နှစ်ဦးထံကနေ မိုဘိုင်းလ်ဖုန်း ဟန်းဆက် လေးခု၊ နိုင်ငံတကာ ဆင်းမ်ကတ် ၆ ခုအပါအဝင် ဆင်းမ်ကတ် ၁၄ ခု ရှာဖွေ တွေ့ရှိရပါတယ်။ ဖုန်းဆင်းမ်ကတ်တွေကို စစ်ဆေးချက်အရ သူတို့နှစ်ဦးဟာ ဒူဘိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာနဲ့ ကာတာတို့ ဖုန်းဆက်သွယ် ခေါ်ဆိုထားကြောင်း တွေ့ရပါတယ်။

သူတို့နှစ်ယောက်ဟာ IS အကြမ်းဖက်သမားတွေအတွက် အလုပ်လုပ်ပေးနေပုံရပြီး လူသစ်စုဆောင်းရေးတွေ အတွက်လည်း ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)