တစ်နိုင်ငံလုံးမှာ သူနာပြု ဝန်ထမ်းနေရာ ၁ သောင်း ၇ ထောင် လစ်လပ်

0
277

မြန်မာတစ်နိုင်ငံလုံးမှာ သူနာပြု ဝန်ထမ်းအင်အားကို ၃၇၇၀၄ နေရာ ခွင့်ပြုထားပေမယ့် ခန့်ထားနိုင်တာ ၂၀၆၈၃ နေရာပဲ ရှိပြီး လစ်လပ်နေတာ ၁၇၀၂၁ နေရာ ရှိနေပါတယ်။ ဆေးရုံပေါင်းက ၁၁၂၃ ရုံ ရှိပါတယ်။

အစိုးရဆေးရုံများမှာ သူနာပြု ဝန်ထမ်းအင်အား နည်းပါးနေပြီး အလုပ်မဝင်ရောက်သူ ဦးရေ များပြာလာတယ်လို့ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူက မနေ့ မတ်လ ၁၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အဲဒီလို အလုပ်မဝင်ရောက်သူ နည်းပါးတာကြောင့် ၂၀၁၅ ကစပြီး သူနာပြုတွေကို ဘွဲ့၊ ဒီပလိုမာ အောင်လက်မှတ် ချီးမြှင့်စဉ်ကတည်း နိုင်ငံ့ဝန်ထမ်း အလုပ်ခန့်စာကို ပေးအပ်ခဲ့တယ်လို့ ဒေါ်ဖြူဖြူက ဆက်ပြောပါတယ်။

သူနာပြုများ အနေနဲ့ သင်တန်း တက်ရောက်စဉ်ကတည်းက အစိုးရ ဝန်ထမ်းအဖြစ် ၃ နှစ် စာချုပ်ထားတဲ့အတွက် သူနာပြုလိုင်စင်နဲ့ သူနာပြု မှတ်ပုံတင် ထုတ်ပေးကြောင်း၊ တာဝန်ချိန်ပြင်ပမှာလည်း ပုဂ္ဂလိက ဆေးရုံဆေးခန်းများမှာ အလုပ်လုပ်ခွင့်ရှိကြောင်း ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်ဟန်ကလည်း ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)