အမုန်းစကား သွေးထိုး လှုံ့ဆော်သူတွေကို အရေးယူဖို့ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် တိုက်တွန်း

0
291

အရေးတကြီး လုပ်ဆောင်ချက်အနေနဲ့ အမုန်းစကားနဲ့ သွေးထိုးလှုံ့ဆော်သူတွေကို အရေးယူဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

ကြားဖြတ်အစီရင်ခံစာ အနေနဲ့ တင်သွင်းလိုက်တဲ့ အကြံပြုချက် ၃၀ ထဲမှာ အခုလို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

လူမှုကွန်ရက် Facebook ကနေ လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်ပြီး အမုန်းတရား လှုံ့ဆော်နေသူတွေကို တာဝန်ရှိသူတွေ အရေးယူခြင်း မရှိတဲ့ ကိစ္စတွေ ရှိခဲ့ပြီး ဝေဖန်မှုတွေလည်း အများကြီး ရှိနေပါတယ်။

နောက်ထပ် အကြံပြုထားတဲ့ အရေးတကြီး လုပ်ဆောင်ဖို့ အချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံများနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်တို့နဲ့ အဆက်မပြတ် ဆွေးနွေးဖို့ ကိစ္စဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)