ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အချိန်မဆိုင်း ဆောင်ရွက်မယ်

0
306

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက် ၁၂ ချက် ပါ ပထမဆုံး ကြားဖြတ်အစီရင်ခံစာပါ အချက်များကို အချိန်မဆိုင်း ထိထိရောက်ရောက် အကောင်အထည် ဖော်မယ်လို့ အစိုးရက တုံ့ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ အစိုးရနဲ့ သဘောထားအမြင် တူညီကြောင်းနဲ့ အဲဒီ အကြံပြုချက်တွေဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိမယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှုပ်ထွေးတဲ့ ရခိုင်ပြည်နယ်အရေးမှာ လက်တွေ့ကျပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တွေအတွက် အကြံပေးကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီကလည်း လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံစာ တင်သွင်းထားပြီး အထူးစုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ တိုက်တွန်းထားပါတယ်။ မြန်မာအစိုးရကတော့ မစ္စ ယန်ဟီးလီရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)