နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဂျော်လီထွန်း နှလုံးရောဂါနဲ့ရန်ကုန်မြို့မှာ ကွယ်လွန်

0
312

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဂျော်လီထွန်းဟာ ဒီကနေ့ နံနက်ပိုင်းက နှလုံးရောဂါနဲ့ရန်ကုန်မြို့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ကိုဂျော်လီထွန်းဟာ ၁၉၈၈ အရေးတော်ပုံကြီးမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့သူတစ်ယောက်ဖြစ်ပြီူး နိုင်ငံရေးအကျဉ်းသားဘဝနဲ့ သာယာဝတီအကျဉ်းထောင်မှာ၂၃-နှစ်ကြာ ထိန်းသိမ်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ကွယ်လွန်သူနိုင်ငံရေး အကျဉ်းသားဟောင်း ကိုဂျော်လီထွန်းဟာ ထောင်တွင်းနေထိုင်မှုများ အာဏာရှင်တို့ရဲ့ ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး (ထောင်အတွင်းမှာ ၂၃-နှစ်ပြည့်ရန် ၂ရက်သာ အလို)ဆိုတဲ့ အမည်နဲ့ ကိုယ်တွေ့ထောင်တွင်းမှတ်တမ်း စာအုပ်တစ်အုပ်ကိုရေးသားထုတ်ဝေခဲ့ရာမှာ အောင်မြင်တဲ့ စာအုပ်ကောင်းတစ်အုပ်အဖြစ် စာဖတ်သူတွေရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)