ဒေါ်အောင်ဆန်းစုကြည်က စိန်ခေါ်မှုတွေ ကို ပြည်သူတွေနဲ့အတူ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်းထုတ်ပြန်

0
256

အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှေ့မှာရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ကို ပြည်သူတွေနဲ့အတူ ကျော်လွှားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၁၅ရက် နေ့က ပြည်ထောင်စု လွှတ်တော်မှာ သမ္မတနဲ့ ဒုတိယသမ္မတတွေကို မဲပေးရွေးချယ်ရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းခဲ့တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ကို ထောက်ခံခဲ့ကြတဲ့ နိုင်ငံရေး ပါတီအသီးသီးက ကိုယ်စားလှယ်တွေကို အထူးကျေးဇူးတင်ကြောင်း ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ညီညီညွတ်ညွတ် စည်းကမ်းစနစ်ကျစွာနဲ့ မဲပေးခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ကိုယ်စားလှယ်တွေအတွက်လည်း ဂုဏ်ယူမိတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းောဆင်ရွက်ချက်တွေကို အေးချမ်တည်ငြိမ်စွာနဲ့ ထောက်ခံတဲ့ ပြည်သူလူထုကို အားကိုးလျက် ကျေးဇူးတင်ကြောင်း အထူးပြောဖို့လိုမှာ မထင်ပါဘူးလို့လည်း ဖော်ပြပါရှိတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၁၆) ရက် ဗုဒ္ဓဟူးနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)