ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာကကြေညာ

0
314

ဒုတိယအကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်က ဦးထင်ကျော်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့အပေါ် တပ်မတော်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ ရှေ့ဆက်လှမ်းရမယ့် ကိစ္စအရပ်ရပ်မှာ တည်ငြိမ်းအေးချမ်းရေး၊ စည်းလုံးညီညွှတ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာက တစ်ဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဦးထင်ကျော်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့အပေါ် လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံတော် အကြီးအကဲနဲ့ နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲတာဝန်တွေကို လွှဲပြောင်းပေးအပ်ဖို့ စီစဉ်ထားရှိပြီးဖြစ်တယ်လို့လဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဦးထင်ကျော်ကို ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီးနောက် ကုလသမဂ္ဂအပါအ၀င် အမေရိကန်၊ ဗြိတိန်ဝန်ကြီးချုပ်၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်စတဲ့နိုင်ငံတွေက ၀မ်းမြောက်ဂုဏ်ယူကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ကြပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၁၆) ရက် ဗုဒ္ဓဟူးနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)