မန္တလေး-အင်ဖာ တိုက်ရိုက် ဘတ်စ်ကားလိုင်း စမ်းသပ် ပြေးဆွဲမယ်

0
164

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် မန္တလေးမြို့ကနေ အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့ကို တိုက်ရိုက် ဘတ်စ်ကားလိုင်းကို လာမယ့် ဧပြီလအတွင်း စတင် ပြေးဆွဲမှာ ဖြစ်ပါတယ်။

မန္တလေး-အင်ဖာ ဘတ်စ်ကားလိုင်း ပြေးဆွဲနိုင်ဖို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မန္တလေးမြို့ရှိ အန္ဒိယကောင်စစ်ဝန်ရုံးချုပ်မှာ လုပ်ငန်းဆောင်ရွက်မယ့် အော်ပရေတာ ကုမ္ပဏီတွေနဲ့ နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးခဲ့ကြပါတယ်။



မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် မန္တလေးမြို့ကနေ အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့ကို တိုက်ရိုက် ဘတ်စ်ကားလိုင်းကို လာမယ့် ဧပြီလအတွင်း စတင် ပြေးဆွဲမှာ ဖြစ်ပါတယ်။

မန္တလေး-အင်ဖာ ဘတ်စ်ကားလိုင်း ပြေးဆွဲနိုင်ဖို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မန္တလေးမြို့ရှိ အန္ဒိယကောင်စစ်ဝန်ရုံးချုပ်မှာ လုပ်ငန်းဆောင်ရွက်မယ့် အော်ပရေတာ ကုမ္ပဏီတွေနဲ့ နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးခဲ့ကြပါတယ်။

နှစ်နိုင်ငံ ပူးတွဲ ဘတ်စ်ကားလိုင်း ပြေးဆွဲမှုမှာ မြန်မာနိုင်ငံဘက်က ရွှေမန္တလာ Express ကုမ္ပဏီက မန္တလေး-မုံရွာ-ဂန့်ဂေါ-ကလေး-တမူးအထိ, အိန္ဒိယ 7 sisters ကုမ္ပဏီက တမူးနယ်စပ်ကနေ အိန္ဒိယနိုင်ငံ အင်ဖာအထိ ပူးတွဲပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ခရီးစဉ်က မန္တလေးကနေ တမူးအထိ ၁၁ နာရီ၊ တမူးကနေ အင်ဖာအထိ သုံးနာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။  

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)