
0
1042


အဲဒီဥပဒေတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖွင့်လှစ်ထားတဲ့ ပြုစုစောင့်ရှောက်ရေးစခန်း ဒါမှမဟုတ် ပြန်လည်ထူထောင်ရေးစခန်းကို ပို့ထားတဲ့အချိန်အတွင်း အဲဒီ စခန်းက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်နဲ့ သတ်မှတ်ချက်ကို ဖောက်ဖျက်ပါက လူမူရေးလုပ်ငန်းတွေဖြစ်တဲ့ သစ်ပင်ပန်းမန်၊ စိုက်ပျိုးမှု၊ သန်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှု၊ လမ်းတံတား ပြုပြင်မှု၊ လူမူရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာအကျိုးပြုလုပ်ငန်းတွေ လုပ်ရမှာဖြစ်ပါတယ်။



ဒါ့အပြင် ထိုပျက်ကွက်သူကို ခံဝန် ချုပ်ချုပ်ဆိုတဲ့ အမိန့်ချမှတ်နိုင်မှာဖြစ်ပြီး ခံဝန်ဖောက်ဖျက်ရင် ဆေးကုသမှု ခံယူရေးနဲ့ ပြုစုပျိုးထောင်ရေး အတွက်ဖွင့်လှစ်ထားတဲ့ စခန်း ဒါမှမဟုတ် ပြန်လည်ထူထောင်ရေးစခန်းကို ခြောက်လပို့အပ်တဲ့ အမိန့်ချမှတ်ရ မယ်ဆိုတဲ့အချက် ထည့်သွင်းထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ထောင်ဒဏ်မပေးဘဲ လူမူရေးပြစ်ဒဏ်သာချမှတ်မယ့် ဥပဒေ ထုတ်ပြန်

မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ထောင်ဒဏ်မပေးဘဲ လူမူရေးပြစ်ဒဏ်သာချမှတ်မယ့် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေကို နိုင်ငံတော်သမ္မတ က ဖေဖော်ဝါရီ ၁၅ ရက်နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

အဲဒီဥပဒေတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖွင့်လှစ်ထားတဲ့ ပြုစုစောင့်ရှောက်ရေးစခန်း ဒါမှမဟုတ် ပြန်လည်ထူထောင်ရေးစခန်းကို ပို့ထားတဲ့အချိန်အတွင်း အဲဒီ စခန်းက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်နဲ့ သတ်မှတ်ချက်ကို ဖောက်ဖျက်ပါက လူမူရေးလုပ်ငန်းတွေဖြစ်တဲ့ သစ်ပင်ပန်းမန်၊ စိုက်ပျိူးမှု၊ သန်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှု၊ လမ်းတံတား ပြုပြင်မှု၊ လူမူရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာအကျိူးပြုလုပ်ငန်းတွေ လုပ်ရမှာဖြစ်ပါတယ်။

မူးယစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေရှိခဲ့မယ်ဆိုရင် ဆေးကုသမှုခံယူဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က သတ်မှတ်ထားတဲ့ ဌာန၊ ဂေဟာကို နဲ့အစိုးရက အသိမှတ်ပြထားတဲ့ ဆေးကုဌာန ကို ဆောလျှင်စွာပို့ဆောင်ရမယ်လို့ ပြဌာန်းထားပါတယ်။

ဆေးဝါးသုံးစွဲသူဟာ ဆေးစစ်ချက်ခံယူဖို့ နဲ့ ဆေးကုသမှုခံယူဖို့ ပျက်ကွက်မယ်ဆိုရင် ခံဝန်ချုပ် ချမှတ်စေတဲ့အမိန့်ချမှတ်ဖို့ တရားရုံးကို တင်ပို့လျှောက်ထားရမှာဖြစ်ပါတယ်။

ဒါအပြင် ထိုပျက်ကွက်သူကို ခံဝန် ချုပ်ချုပ်ဆိုတဲ့ အမိန့်ချမှတ်နိုင်မှာဖြစ်ပြီး ခံဝန်ဖောက်ဖျက်ရင် ဆေးကုသမှု ခံယူရေးနဲ့ ပြုစုပျိုးထောင်ရေး အတွက်ဖွင့်လှစ်ထားတဲ့ စခန်း ဒါမှမဟုတ် ပြန်လည်ထူထောင်ရေးစခန်းကို ခြောက်လပို့အပ်တဲ့ အမိန့်ချမှတ်ရ မယ်ဆိုတဲ့အချက် ထည့်သွင်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)