ရန္ကုန္အေျခစိုက္ သံ႐ံုးေတြကို ေနျပည္ေတာ္ကို ေျပာင္းဖုိ႔ မူဝါဒ ခ်မွတ္ထား

0
991

ေနျပည္ေတာ္ဟာ ျမန္မာႏုိင္ငံအစိုးရ႐ံုးစိုက္တဲ့ ၿမိဳ႕ေတာ္ျဖစ္တာနဲ႔အညီ ႏိုင္ငံျခားသံ႐ံုးေတြကို ရန္ကုန္ကေန ေနျပည္ေတာ္ကို ေျပာင္းေရႊ႕ ဖြင့္လွစ္ႏိုင္ဖို႔အတြက္ မူ၀ါဒေတြခ်မွတ္ထားၿပီးျဖစ္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕အေျခစိုက္ ႏုိင္ငံျခားသံ႐ံုးေတြ ေနျပည္ေတာ္သံတမန္ဇုန္ကို ေျပာင္းေရႊ႕ဖြင့္လွစ္ႏုိင္ေရးအတြက္ ေနျပည္ေတာ္သံတမန္ဇုန္ေျမယာမူဝါဒဆုိင္ရာ ညိႇႏႈိင္းအစည္းအေဝးမွာ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္က အ ခုလိုမ်ိဳးေျပာခဲ့တာပါ။

လက္ရွိအခ်ိန္မွာ ႏုိင္ငံျခားသံ႐ံုးေတြအေနနဲ႔ လုပ္ငန္းေဆာင္ရြက္မႈ၊ ေနထုိင္မႈစသည္တို႔ ပိုမုိအဆင္ေျပေစဖို႔ သံ႐ံုးေတြက အဆုိျပဳတင္ျပခ်က္ေတြထဲကမွ လက္ေတြ႕ျဖစ္ႏုိင္တဲ့ အခ်က္ေတြကို ေဆာင္ရြက္ေပးႏုိင္ ဖို႔အတြက္ မူဝါဒမ်ားကို ျပန္လည္သံုးသပ္မႈျပဳလုပ္ဖို႔ လုိအပ္တယ္လို႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ကေျပာခဲ့ပါတယ္။

ဆက္သြယ္ေရး၊ ပို႔ေဆာင္ေရး၊ ပညာေရး နဲ႔ က်န္းမာေရးဆုိင္ရာ ဝန္ေဆာင္မႈကိစၥရပ္မ်ားကို ပိုမိုျမႇင့္တင္ေဆာင္ရြက္သြားႏုိ္င္မယ့္ နည္းလမ္းမ်ား ရွာေဖြေဆာင္ရြက္လုိအပ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ က ထည့္သြင္းေျပာဆုိသြားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်အခြေစိုက်သံရုံးတွေကို နေပြည်တော်ကို ပြောင်းဖို့ မူဝါဒ ချမှတ်ထား

နေပြည်တော်ဟာ မြန်မာနိုင်ငံအစိုးရရုံးစိုက်တဲ့ မြို့တော်ဖြစ်တာနဲ့အညီ နိုင်ငံခြားသံရုံးတွေကို ရန်ကုန်ကနေ နေပြည်တော်ကို ပြောင်းရွှေ့ဖွင့်လှစ်နိုင်ဖို့အတွက် မူဝါဒတွေချမှတ်ထားပြီးဖြစ်တယ်လို့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးတွေ နေပြည်တော်သံတမန်ဇုန်ကို ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် နေပြည်တော်သံတမန်ဇုန်မြေယာမူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အ ခုလိုမျိုးပြောခဲ့တာပါ။

လက်ရှိအချိန်မှာ နိုင်ငံခြားသံရုံးတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်မှု၊ နေထိုင်မှုစသည်တို့ ပိုမိုအဆင်ပြေစေဖို့ သံရုံးတွေက အဆိုပြုတင်ပြချက်တွေထဲကမှ လက်တွေ့ဖြစ်နိုင်တဲ့ အချက်တွေကို ဆောင်ရွက်ပေးနိုင် ဖို့အတွက် မူဝါဒများကို ပြန်လည်သုံးသပ်မှုပြုလုပ်ဖို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကပြောခဲ့ပါတယ်။

ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ပညာရေး နဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိ်ုင်မယ့် နည်းလမ်းများ ရှာဖွေဆောင်ရွက်လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)