ရိုက်တာသတင်းဌာနက ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ဦးလွှတ်ပေးဖို့ ဆန္ဒပြ(ရုပ်/သံ)
0
889
ဖေဖော်ဝါရီလ (၁၆)ရက်နေ့က မရမ်းကုန်းလမ်းဆုံကနေ လှည်းတန်းအထိ သတင်းထောက်နှစ်ဦး အမြန်ဆုံးလွှတ်ပေးဖို့ သတင်းမီဒီယာတွေကဦးဆောင်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ လမ်းလျှောက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့တာပါ။
ဒါ့အပြင် ဖမ်းဆီးခံသတင်းသမားနှစ်ဦးဟာ မတရားဖမ်းဆီးခံရတာဖြစ်ကြောင်းရေးသားဖော်ပြထားတဲ့ စာရွက်တွေကို ပြည်သူတွေကို ဖြန့်ဝေခဲ့ပြီး အခုလိုပြုလုပ်ရတာဟာ သတင်းမီဒီယာတွေနဲ့ ပြည်သူတွေအကြား အထင်အမြင်လွဲမှားတာတွေကို ဖြေရှင်းနိုင်ဖို့လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ရိုက်တာသတင်းဌာနက ဖမ်းဆီးခံထားရတဲ့ သတငး်ထောက်နှစ်ဦးလွှတ်ပေးဖို့ သတငး်သမားတွေနဲ့ အရပ်ဘက်အဖွဲ့အစညး်တွေ စုပေါငး်ပြီး လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် ကေဇွန်နွေးက သတင်းပေးပို့ထားပါတယ် ။
ဖေဖော်ဝါရီလ (၁၆)ရက်နေ့က မရမ်းကုနး်လမး်ဆုံကနေ လှည်းတန်းအထိ သတင်းထောက်နှစ်ဦး အမြန်ဆုံးလွှတ်ပေးဖို့ သတင်းမီဒီယာတွေကဦးဆောင်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါငး်ကာ လမ်းလျှောက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့တာပါ။
ဒီဆန္ဒပြပွဲမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ဦးလွှတ်ပေးဖို့ သတင်းလွတ်လပ်ခွင့်ရရှိဖို့ စတဲ့အချက်တွေကိုတောင်းဆိုခဲ့ပြီး အင်အား(၁၀ဝ)ကျော် ချီတက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
Sondbite – သာလွန်ဇောင်းထက် (မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ)
ဒါ့အပြင် ဖမး်ဆီးခံသတင်းသမားနှစ်ဦးဟာ မတရားဖမ်းဆီးခံရတာဖြစ်ကြောင်းရေးသားဖော်ပြထားတဲ့ စာရွက်တွေကို ပြည်သူတွေကို ဖြန့်ဝေခဲ့ပြီး အခုလိုပြုလုပ်ရတာဟာ သတင်းမီဒီယာတွေနဲ့ ပြည်သူတွေအကြား အထင်အမြင်လွဲမှားတာတွေကို ဖြေရှင်းနိုင်ဖို့လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Sondbite – မသဲကို (မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ)
အခုလိုဆန္ဒပြတာတွေကို ပြည်မြို့နဲ့ ပုသိမ်မြို့တွေမှာလညး် ပြုလုပ်ခဲ့ပြီး ရန်ကုန်မှာတော့ လမ်းလျှောက် ဆန္ဒပြခဲ့တာက ပထမဆုံးအကြိမ်ဖြစ်ကာ နောက်ထပ်ဆန္ဒပြပွဲတွေကို မြန်မာနိုင်ငံက ဒေသအနှံ့မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနကသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုကျော်စိုးဦး(ခ)မိုးအောင် နဲ့ ကိုသက်ဦးမောင်မောင်(ခ)ကိုဝလုံးတို့ကို ပြီးခဲ့တဲ့လပိုင်းအတွင်းက နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ပုဒ်မ(၃)နဲ့ တရားစွဲဆိုဖမ်းဆီးထားတာဖြစ်ပါတယ်ရှင် ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)