
0
866

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က မင်္ဂလာဒုံမြို့နယ် ရန်ကုန်လေဆိပ် Terminal-1 X-Ray မှာ ခရီးသည်တစ်ဦးဆီကနေ ရွှေ ၂၅ ကျပ်သား သိမ်းဆည်းမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာက သတင်း ထုတ်ပြန်ထားပါတယ်။




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်လေဆိပ်မှာ ခရီးသည် ၁ ဦးထံမှ ရွှေ ၃၅ ကျပ်သား သိမ်းဆည်းရမိ

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က မင်္ဂလာဒုံမြို့နယ် ရန်ကုန်လေဆိပ် Terminal-1 X-Ray မှာ ခရီးသည်တစ်ဦးဆီကနေ ရွေွှ ၂၅ ကျပ်သား သိမ်းဆည်းမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာက သတင်း ထုတ်ပြန်ထားပါတယ်။

MAI လေကြောင်းလိုင်း နဲ့ အိန္ဒိယနိုင်ငံ ဂါယာလေဆိပ်ကို လိုက်ပါမယ့် ခရီးသည့်ရဲ့ ခရီးဆောင်အိတ်အတွင်း မှ ရွှေ ဟုယူဆရတဲ့ ပုံရိပ်တွေ့ရှိပြီး စစ်ဆေးခဲ့ရာပိုက်ဆံအိတ်ကိုင်းအတွင်းမှ ပိုက်ဆံအိတ် ကိုင်း ပုံသဏ္ဍာန် ရွှေ ၂၀ ကျပ်သား ရှိခဲ့ပါတယ်။

ဒါအပြင် ခန္ဓာကိုယ်ကို ဆက်လက်ရှာဖွေချိန်မှာ ဦးခေါင်းမှာ တပ်ဆင်ထားတဲ့ ဘီးကုတ်အတွင်း သိုဝှက် သယ်ဆောင်လာတဲ့ ၁၃ ကျပ်သားခန့် ရွှေပြား ၁ ပြား၊ ယာဘက်မှာ ဝတ်ဆင်ထားတဲ့ ၂ ကျပ်သားခန့်ရှိ ရွှေလက်ကောက် ၁ ကွင်း၊ စုစုပေါင်း ရွှေ ၃၅ ကျပ်သားကို သိမ်းဆည်းခဲ့ပါတယ်။

စုံစမ်းမေးမြန်းရာ ရွှေများအားရွှေဘုံသာလမ်းရှိ ရွှေဆိုင် မှ အခေါက်ရွှေ ဝယ်ယူခဲ့ပြီး အဆိုပါလမ်းနေ ထံ၌ နန်းဆွဲ ပုံသွင်းခဲ့ပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ရောက်ရှိပါက ရတနာဗောဓိကျောင်းမှာ ၇ ရက်ခန့် တည်းခို နေထိုင်ကာ ဝယ်လက်ရှာ ရောင်းချသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)