
0
878





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝမ်းတွင်းမြို့မှာ ငွေဒင်္ဂါးပြား ၂၂၄ ပြားတူးဖော်တွေ့ရှိ

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က ဝမ်းတွင်းမြို့နယ်၊ မင်းကုန်း ကျေးရွာမြောက်ဘက် မှာငွေဒင်္ဂါး ၂၂၄ ပြားတူးဖော်တွေရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

ကွင်းအမှတ်(၁၅၉၆) လယ်ကွင်းမှာ မြို့နယ်ကြက်ခြေနီအသင်းမှ သောက်သုံးရေရရှိဖို့ အဝီစိတွင်းတူးဖော်ပြီး ရေတွင်းနဲ့ ပေ ၂၆၀ဝ ခန့်အကွာ ရေပိုက်သွယ်တန်းရန် မြောင်းတူးဖော်ချိန်မှာ ငွေဒင်္ဂါးတွေကို တွေခဲ့တာဖြစ်ပါတယ်။

ရှေ့ဟောင်းငွေဒင်္ဂါးဟုယူဆရတဲ့ ဒင်္ဂါးပြားများ အကြီး/ အသေး ၂၂၄ ပြားတွေ့ရှိခဲ့ပြီး ဒင်္ဂါးပြားများအား ရှေ့ဟောင်း သုတေသန သို့ အကြောင်းကြားကာ အပ်နှံရန် ပညာပေးပြောကြားခဲ့ပါတယ်။

ဒင်္ဂါးပြား အကြီးမှာ (အချင်း ၃ စင်တီမီတာခွဲ၊ အလေးချိန် ၃ မတ်သား)ရှိပြီး ဒင်္ဂါးပြား အသေးမှာ(အချင်း ၂ စင်တီမီတာခွဲ၊ အလေးချိန် ၁ ကျပ်သား)ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)