လူမႈဖူလံုေရး၀င္ အလုပ္သမားေတြ ပုဂၢလိကေဆးရုံ၊ေဆးခန္းေတြမွာ ေဆးကုသနိုင္ဖို႔လုပ္ေဆာင္ေန(႐ုပ္/သံ)

0
269

ပုဂၢလိက ေဆးရုံ၊ေဆးခန္းေတြမွာ အာမခံအလုပ္သမားေတြ ေဆးကုသခြင့္ရရွိေအာင္ လုပ္ေဆာင္ေနပါတယ္။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

အလုပ္သမားေတြရဲ႕ က်န္းမာေရးနဲ႔ လူမႈေရးလိုအပ္ခ်က္ေတြအတြက္ အလုပ္ရွင္၊အလုပ္သမားနဲ႔ ႏုိင္ငံေတာ္က စုေပါင္း အာမခံထားရွိကာ ဥပေဒနဲ႔အညီ ၿဖည့္ဆည္းေပးေနေပမယ့္ က်န္းမာေရးလိုအပ္ခ်က္ေတြအတြက္ ေဆးရုံ၊ေဆးခန္းေတြ က လုံေလာက္မႈမရွိျဖစ္ေနတာပါ ။

အဲ႔ဒီကိစၥေတြကိုေျဖရွင္းနိုင္ဖို႔အတြက္ ပုဂၢလိကေဆးရုံေတြနဲ႔ ညွိႏႈိင္းေဆြးေႏြးျပီး အလုပ္သမားေတြ ကုသခြင့္ ရႏုိင္ဖို႔ စီစဥ္ေနတယ္လို႔ အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး ဦးသိန္းေဆြက ေဖေဖၚ၀ါရီ ၁၆ ရက္က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ အမ်ိဳးသားအဆင့္လူမႈဖူလံုေရးအစည္းအေ၀းမွာ ေျပာပါတယ္။

Soundbite – ဦးသိန္းေဆြ( ျပည္ေထာင္စု၀န္ၾကီး၊အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး႒ာန)

ဒါအျပင္ အလုပ္သမားေတြကို ပုဂၢလိကေဆးရုံေဆးခန္းေတြမွာ ကုသခြင့္ရေအာင္ ေဆာင္ရြက္ေနသလို လက္ရွိရွိေနတဲ့ အလုပ္သမားေဆးရုံေတြကိုလည္း အဆင့္ျမွင့္တင္ဖုိ႔ ေဆာင္ရြက္ေနပါတယ္ ။

အလုပ္သမားေတြအတြက္ က်န္းမာေရး၀န္ေဆာင္မႈေတြေပးဖို႔လုပ္ေဆာင္ေနတာေတြကို သတင္းစာေတြကေန တဆင့္ ေၾကညာသြားမွာျဖစ္ျပီး အလုပ္သမားေတြအေနနဲ႔ အျခားျပည္သူေတြလိုပဲ အဆင့္ျမင့္ ေဆးရုံေတြမွာ တက္ေရာက္ကုသခြင့္ရေအာင္ ေဆာင္ရြက္ေပးသြားမယ္လို႔ ျပည္ေထာင္စု၀န္ၾကီးက ေျပာပါတယ္။

Soundbite – – ဦးသိန္းေဆြ ( ျပည္ေထာင္စု၀န္ၾကီး၊အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး႒ာန)

လူမႈဖူလံုေရးအဖြဲ႔အတြင္းမွာ အက်ံဳး၀င္အလုပ္သမားေပါင္း ၁၁ သိန္းခန္႔ရွိျပီး က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ အက်ိဳးခံစားခြင့္ေတြကို ရရွိေစဖို႔အတြက္ ျမိဳ႕နယ္ေပါင္း ၁၁၆ ျမိဳ႕နယ္မွာ အလုပ္သမားေဆးရုံၾကီး ၃ ရုံ၊ျမိဳ႕နယ္ရုံး ၇၇ ရုံး၊ ျမိဳ႕နယ္ေဆးခန္းေပါင္း ၉၆ ခန္း၊႒ာနၾကီးေဆးခန္း (၅၅) ခန္း၊ လူမႈဖူလံုေရး- ကဲလ္၀ဲလ္ေဆးခန္း ၃ ခန္း၊ တိုင္းရင္းေဆးကုခန္း ၁ ခန္းတို႔အျပင္ ေရြ႕လ်ားေဆးကုသခယာဥ္ ၂ စီးတို႔နဲ႔ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနတာျဖစ္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ အာမခံအလုပ်သမားတွေ ဆေးကုသခွင့်ရရှိအောင် လုပ်ဆောင်နေပါတယ်။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက်ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

အလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ လူမှုရေးလိုအပ်ချက်တွေအတွက် အလုပ်ရှင်၊အလုပ်သမားနဲ့ နိုင်ငံတော်က စုပေါင်း အာမခံထားရှိကာ ဥပဒေနဲ့အညီ ဖြည့်ဆည်းပေးနေပေမယ့် ကျန်းမာရေးလိုအပ်ချက်တွေအတွက် ဆေးရုံ၊ဆေးခန်းတွေ က လုံလောက်မှုမရှိဖြစ်နေတာပါ ။

အဲ့ဒီကိစ္စတွေကိုဖြေရှင်းနိုင်ဖို့အတွက် ပုဂ္ဂလိကဆေးရုံတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး အလုပ်သမားတွေ ကုသခွင့် ရနိုင်ဖို့ စီစဉ်နေတယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ဖေဖေါ်ဝါရီ ၁၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသားအဆင့်လူမှုဖူလုံရေးအစည်းအဝေးမှာ ပြောပါတယ်။

Soundbite – ဦးသိန်းဆွေ( ပြည်ထောင်စုဝန်ကြီး၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန)

ဒါအပြင် အလုပ်သမားတွေကို ပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာ ကုသခွင့်ရအောင် ဆောင်ရွက်နေသလို လက်ရှိရှိနေတဲ့ အလုပ်သမားဆေးရုံတွေကိုလည်း အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်နေပါတယ် ။

အလုပ်သမားတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေပေးဖို့လုပ်ဆောင်နေတာတွေကို သတင်းစာတွေကနေ တဆင့် ကြေညာသွားမှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ အခြားပြည်သူတွေလိုပဲ အဆင့်မြင့် ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

Soundbite – – ဦးသိန်းဆွေ ( ပြည်ထောင်စုဝန်ကြီး၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန)

လူမှုဖူလုံရေးအဖွဲ့အတွင်းမှာ အကျုံးဝင်အလုပ်သမားပေါင်း ၁၁ သိန်းခန့်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကျိုးခံစားခွင့်တွေကို ရရှိစေဖို့အတွက် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်မှာ အလုပ်သမားဆေးရုံကြီး ၃ ရုံ၊မြို့နယ်ရုံး ၇၇ ရုံး၊ မြို့နယ်ဆေးခန်းပေါင်း ၉၆ ခန်း၊ဋ္ဌာနကြီးဆေးခန်း (၅၅) ခန်း၊ လူမှုဖူလုံရေး- ကဲလ်ဝဲလ်ဆေးခန်း ၃ ခန်း၊ တိုင်းရင်းဆေးကုခန်း ၁ ခန်းတို့အပြင် ရွေ့လျားဆေးကုသခယာဉ် ၂ စီးတို့နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)